ညဘက်မှာ ကောင်းစွာအိပ်စက်အနားယူခြင်းမရှိတဲ့အခါ၊ အိပ်ချိန်အလွန်နည်းပါးတဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေကို လက်ယပ်ခေါ်နေတာနဲ့ တူပါတယ်။ အိပ်ရေးမဝတဲ့အခါ တစ်နေ့တာလုံးလေးလံထိုင်းမှိုင်းနေတတ်ပြီးတော့ ဘာကိုမှကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေခံစားရနိုင်သလဲဆိုတော့ –

၁။ မှတ်ဥာဏ်စွမ်းအားလျော့နည်းခြင်း

Photo Source: bogor.tribunnews.com

အိပ်စက်ခြင်းက သင်ယူလေ့လာခြင်းနဲ့ စဉ်းစားတွေးခေါ်တဲ့နေရာမှာ အရေးပါ ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် အာရုံစိုက်နိုင်စွမ်းလျော့ကျခြင်း၊ တက်ကြွမှုမရှိခြင်း၊ ကြောင်းကျိုးမှန်ကန်စွာ စဉ်းစားတွေးခေါ်နိုင်မှုလျော့ကျခြင်း၊ ပြဿနာဖြေရှင်းနိုင်မှု မရှိတော့ခြင်း စတဲ့ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့တာလုံးမှာ သင်ယူလေ့လာခဲ့တဲ့အရာတွေကိုလည်း မှတ်မိနိုင်စွမ်းမရှိတော့ပါဘူး။

၂။ မတော်တဆမှုဖြစ်ပွားခြင်း

Photo Source: twitter.com

အိပ်ရေးမဝခြင်းကြောာင့် လုပ်ငန်းခွင်မတော်တဆမှု၊ ယာဉ်မတော်တဆမှုတို့ဖြစ်ပွားနိုင်ပါတယ်။

၃။ စိတ်ဓာတ်ကျခြင်း

စိတ်ကျရောဂါရဲ့ပထမဆုံးရောဂါလက္ခဏာကတော့ အိပ်ရေးပျက်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်က အိပ်ချိန် ၆ နာရီထက် နည်းပါးတဲ့အခါ စိတ်ကျရောဂါခံစားရဖို့ အခွင့်အလမ်းပိုများနေပါတယ်။

၎။ အသားအရည်ကို အိုမင်းရင့်ရော်စေခြင်း

Photo Source: www.news.de

ညစဉ်ရက်ဆက်အိပ်ရေးပျက်လာတဲ့အခါ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ အသားအရည်စိုပြေတောက်ပမှုမရှိခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ သင်က အလှအပကိုအလေးထားသူတစ်ယောက်ဆိုရင်တော့ ကောင်းစွာအိပ်စက်အနားယူဖို့လိုအပ်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ငယ်ရွယ်နုပျိုနေရခြင်း လျှို့ဝှက်ချက်ကတော့ စောစောအိပ်စက်အနားယူပြီး အိပ်ရေးဝဝအိပ်ခြင်းပဲဖြစ်ပါတယ်။

၅။ ကိုယ်အလေးချိန်တက်ခြင်း

Source: www.quora.com

အိပ်ရေးပျက်ခြင်းက အလွန်အမင်းအစား စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ လေ့လာချက်များအရ အိပ်ချိန် ၆ နာရီအောက် နည်းပါးတဲ့သူတွေက အဆီဓာတ်များစွာပါဝင်တဲ့အစာများ၊ ကာဗိုဟိုက်ဒြိုက်များစွာပါဝင်တဲ့အစားအစာတွေ စားချင်စိတ်ဖြစ်ပေါ်ပါတယ်။

၆။ အခြားကျန်းမာရေးပြဿနာများ

Photo Source: healthhub.brighamandwomens.org

အိပ်ရေးပျက်ခြင်းကြောင့် နှလုံးနှင့်ပတ်သတ်သောရောဂါများ၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း၊ သွေးပေါင်တက်ခြင်းနှင့် ဆီးချိုရောဂါများကို ခံစားရနိုင်ပါတယ်။