ကိုယ်အလေးချိန် တက်တယ်ကျတယ်ဆိုတာ ကျွန်မတို့ရဲ့ အပြုအမူ နေထိုင်မှုတွေ စားသောက်မှုတွေနဲ့ သက်ရောက်မှုရှိပါတယ်။ မနက်ခင်းမှာ စားသုံးလိုက်တဲ့ အစာအာဟာရဟာ တစ်နေ့တာလုံးအတွက် အရေးကြီးတာကြောင့် မနက်ခင်းဟာ သင့်အတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။

မနက်ခင်းမှာ သင်လုပ်လိုက်တဲ့ ဘယ်အချက်တွေက သင့်ကို ကိုယ်အလေးချိန်တက်စေတာလဲ။

၁။ အိပ်ချိန်လွန်ကဲခြင်း

နိုးနေပေမယ့် ပျင်းကြောဆွဲပြီး နေဖင်ထိုးတဲ့ထိအိပ်တာဟာ ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်နေပါတယ်။ ၂၀၁၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်အရ တစ်နေ့ကို ၁၀ နာရီထက်ပိုအိပ်တဲ့သူတွေဟာ ပိုပြီး ကိုယ်အလေးချိန်တက်လာကြတယ်လို့ ဆိုပါတယ်။ အိပ်ချိန်များလွန်းတာဟာ Cortisol ပမာဏကိုမြင့်တက်စေပြီး အဲဒီဟော်မုန်းဓာတ်ဟာ စိတ်ဖိစီးမှုကို များစေလို့ အစားအလွန်အကျွံစားမိတာမျိုးဖြစ်စေပါတယ်။

၂။ နေရောင်အပြည့်အဝမရခြင်း

မနက်ခင်းမှာ နေရောင်ခြည်နဲ့ မထိတွေ့တာက ဘာလို့ ဝိတ်တက်စေတာပါလိမ့်။ အဓိကကတော့ နေအလင်းရောင်ဟာ ဇီဝဖြစ်စဉ်ကို တက်ကြွစေပါတယ်။ သုတေသနပြုချက်အရ မနက်ခင်းမှာ နေခြည်နုနုခံတာဟာ သင့်ကို အသားအရေလှစေသလို ဇီဝဖြစ်စဉ်လည်း ကောင်းမွန်စေပါတယ်။

၃။ မနက်ခင်းမှာ အစာကို နည်းနည်းပဲစားခြင်း

မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအစားအစာဖြစ်ပါတယ်။ ဒါ့ကြောင့်မနက်စာကို အာဟာရပြည့်ပြည့်ဝဝစားသုံးပေးဖို့လိုအပ်ပါတယ်။ မနက်စာပြည့်ပြည့်ဝဝမစားတာဟာ တစ်နေ့တာလုံးမှာ အားအင်ချည့်နှဲ့နေသလို ဖြစ်စေပြီး အစာစားချင်စိတ်ကို ပိုပြီး မြင့်တင်ပေးတာကြောင့် သင့်ကို ဝိတ်တက်စေနိုင်တာဖြစ်ပါတယ်။

၄။ မနက်စာစားတာနောက်ကျခြင်း

Woman eating

မနက်စာကို ၁၁ နာရီမှစားတာတို့၊ ၁၀ နာရီမှစတာတို့မဖြစ်သင့်ပါဘူး။ မနက်စာစားတာ နောက်ကျတာဟာ သင့်ကိုနေ့လည်စာစားနောက်ကျစေပါတယ်။ မနက်စာကိုစားဖို့အသင့်တော်ဆုံးအချိန်ဟာ မနက်အိပ်ယာထပြီး တစ်နာရီအတွင်းဖြစ်ပါတယ်။ မနက်စာစားတဲ့အချိန်မှာလည်း ရေနွေးကြမ်း၊ ရေနွေးနဲ့ သံပုရာသီးစိမ်ပြီး သောက်ပေးသင့်ပါတယ်။

၅။ မနက်ခင်းမှာ အလုပ်အရမ်းလုပ်ခြင်း နဲ့ လောလောလုပ်ခြင်း

မနက်မိုးလင်းတာနဲ့ အလောကြီး၃၀ အလုပ်တွေလုပ် ရုံးသွားဖို့ အလုပ်ရှုပ်နေတာဟာလည်း ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်နေပါတယ်။ အဲဒီလိုဖြစ်တာဟာသင့်ကို စိုးရိမ်ပူပန်မှုတွေဖြစ်စေပြီး သင့်ကို ကိုယ်အလေးချိန်တက်စေပါတယ်။ ဒါ့ကြောင့် မနက်ကို အချိန်စောစောယူပြီး အိပ်ယာထပေးသင့်ပါတယ်။

၆။ အသင့်လုပ် သရေစာမုန့်တွေစားခြင်း

မနက်ခင်းမှာ အသင့်လုပ်ထားတဲ့ သရေစာမုန့်တွေ စားသုံးပေးတာဟာ သင့်ကျန်းမာရေးအတွက်မကောင်းသလို ကိုယအလေးချိန်လည်း တက်စေပါတယ်။ အဲဒီလို အသင့်စားအစားအစာဟာ သင့်ကို ဗိုက်ပြည့်စေတာထက် နေ့လည်ဖက်၊ ညဖက်တွေမှာ အစားပိုစားချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်စေပါတယ်။