စူပါအစားအစာတွေလို့ပြောတဲ့အခါမှာ ထိုအစားအစာများတွင် အာဟာရဓာတ်များအထူးကြွယ်ဝလို့ ကျန်းမာရေးအတွက် ကောင်းကျိုးမျိုုးစုံကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီတခေါက်မှာတော့ အစားအသောက်တွေများထဲကမှ စူပါအစားအစာတွေလို့ သတ်မှတ်ခံရတဲ့ အသီးအနှံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းသီး

ပန်းသီးတွေမှာ အစာခြေဖျက်မှုကိုကူညီအားဖြည့်ပေးတဲ့ ဖိုက်ဘာဓာတ်၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်စီတို့ပါဝင်ပါတယ်။ Antioxidants များလည်းပါဝင်လို့ ကင်ဆာရောဂါများ အထူးသဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးများတွင် အဆီ၊ ကိုလက်စထရော လုံးဝမပါဝင်လို့အကောင်းဆုံးပါပဲ။

လိမ္မော်သီး

ကင်ဆာနှင့်နှလုံးဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့ ဆဲလ်အတွင်းရှိ ရေဒီယိုသတ္တိလှိုင်းတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားကို ကောင်းမွန်စေတဲ့ ဗီတာမင်စီအထူးကြွယ်ဝပါတယ်။ ဖိုက်ဘာလည်းပါဝင်လို့ အစာခြေဖျက်မှုနှင့်ကိုယ်အလေးချိန်လျော့ကျရန်ကိုပါ ကူညီပေးနိုင်ပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးတွေမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖောရပ်စ်၊ သံဓာတ်နှင့် ဗီတာမင်ကေတို့ပါဝင်လို့ အရိုးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး ကိုယ်ခံအားကောင်းမွန်စေတဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။

စတော်ဘယ်ရီ

ကိုယ်ခံအားကောင်းမွန်စေပြီး မျက်လုံးကိုကာကွယ်မှုတွေပေးစွမ်းနိုင်တဲ့ ဗီတာမင်စီက စတော်ဘယ်ရီသီးများမှာလည်း ပါဝင်ပါတယ်။ သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပြီး ဝမ်းချုပ်မှုကိုမဖြစ်ပေါ်စေသည့် ဖိုက်ဘာလည်း ကြွယ်ဝပါသေးတယ်။

ကီဝီ

ကီဝီသီးများတွင်လည်း ဗီတာမင်စီပါဝင်လို့ ကိုယ်ခံအားကောင်းစေကာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားမှုကြောင့် သွေးပေါင်ချိန်ကိုထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဖိုက်ဘာကလည်း အစာခြေဖျက်အားကောင်းစေပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ အသားအရေကိုလှပစေသည့် ဗီတာမင်အီးလည်းပါဝင်လို့ အကောင်းဆုံးပါပဲ။

စပျစ်သီး

Polyphenols ဟုအမည်ရသည့် Antioxidants ပါဝင်လို့ အဆုတ်၊ အစာပြွန်၊ အူမကြီး၊ ပန်ကရိယတို့လို ကင်ဆာအမျိုးအစားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်အမြောက်အမြားပါဝင်လို့ အူပုံမှန်အလုပ်လုပ်ရန်ထောက်ပံ့ပေးပါတယ်။