စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ခံနိုင်ရည်ရှိစေဖို့ ကုသပေးနိုင်တဲ့ ဆေးဝါးအများအပြားရှိပေမယ့်လည်း ဆေးတွေကို အလွန်အကျွံသောက်သုံးမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့စိတ်နေစိတ်ထားကို မြှင့်တင်ပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်လက်လေ့ကျင့်ခန်း

ကိုယ်လက်လှုပ်ရှားမှုက ခန္ဓာကိုယ်အတွင်းရှိ စိုးရိမ်ကြောင့်ကြမှုတွေကို ထုတ်ပစ်ရန်ကူညီပေးနိုင်ပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖိနှိပ်ထားပေးနိုင်ပါတယ်။

၂။ တရားမှတ်ခြင်း

အတိတ်ကိုပြန်လည်တွေးတောပြီး အနာဂတ်အတွက် ပူပန်နေခြင်းက စိုးရိမ်ကြောင့်ကြမှုကို ဖြစ်ပေါ်စေတာကြောင့် စိတ်ကိုရှင်းလင်းပေးနိုင်တဲ့ တရားထိုင်ခြင်းက အထိရောက်ဆုံးပါပဲ။

၃။ ယောဂကျင့်စဉ်

တရားမှတ်ခြင်းလိုပဲ ဝင်လေထွက်လေအပေါ် အာရုံစူးစိုက်ပြီး တင်းရင်းနေသော ကြွက်သားများကို ပြေလျော့စေကာ ခေါင်းကိုရှင်းရှင်းလင်းလင်းရှိစေပါတယ်။ အသက်ပြင်းပြင်းရှုလိုက်ခြင်းကလည်း အောက်စီဂျင်အများအပြားကို ခန္ဓာကိုယ်အတွင်းဝင်ရောက်စေပါတယ်။

၄။ အစီအစဉ်များဆွဲခြင်း

အိမ်မှာထိုင်ပြီး ဟိုအတွေးဒီအတွေးများ စဉ်းစားနေမည့်အစား အပြင်ထွက်ပြီး သူငယ်ချင်းများနှင့်တွေ့ဆုံစားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။

၅။ မိမိကြိုက်နှစ်သက်သည့်တီဗွီအစီအစဉ်ကိုကြည့်ပေးပါ။

ခေါင်းရှုပ်စရာတွေကို တွေးမနေဘဲ မိမိကိုစိတ်ဖျော်ဖြေပေးနိုင်တဲ့ အစီအစဉ်လေးတွေကို ထိုင်ကြည့်ရင်း အနားယူလိုက်ပါ။

၆။ ကျန်းမာရေးနှင့်ညီညီညွတ်ညွတ်စားသုံးပါ။

စိတ်အခြေအနေမကောင်းသည့်အချိန်မှာ အစာစားသုံးမှုလည်း ကျန်းမာရေးနှင့်ညီညွတ်မှုမရှိပါက ကိုယ်ခန္ဓာအခြေအနေပါ ဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာမှ စိတ်လည်းကျန်းမာလာနိုင်မှာဖြစ်လို့ အစားအစာကို ဂရုတစိုက်နှင့်စားသုံပေးပါ။