တစ်ကိုယ်ရည်သန့်ရှင်းဖို့နဲ့ သန့်ပြန့်မှုရှိဖို့က နေ့စဉ်နေ့တိုင်း လူတိုင်းပြုလုပ်ရမယ့် အခြေခံအလေ့အကျင့်တစ်ခုပါ။ ကိုယ်တွေဘယ်လို နေထိုင်တယ်၊ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတာက ကိုယ့်ရဲ့ပုံရိပ်နဲ့ယုံကြည်မှုရှိဖို့အပေါ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

တကိုယ်ရည်သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာ ချိုင်းကြားအနံ့ ဆိုးရွားတာကလည်း တခုအပါအဝင်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုလူကြားထဲမှာ အရှက်ရစေနိုင်မယ့် ချိုင်းကြားအနံ့ ဆိုးရွားတာကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အဝတ်အစားတွေနဲ့ အခြားနေ့စဉ်သုံးပစ္စည်းတွေမှ အနံ့ဆိုးတွေကို ဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။ ထိုနည်းတူပင် မုန့်ဖုတ်ဆိုဒါကို ပြောင်းမှုန့်အနည်းငယ်နဲ့ ရောစပ်ပြီး ချိုင်းကြားမှာ သုတ်လိမ်းပေးမယ်ဆိုရင် အသားအရေကို လတ်ဆတ်မှုရှိစေနိုင်ပါတယ်။

၂။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ချိုင်းကြားက ဆိုးရွားတဲ့အနံ့ဆိုးတွေကို ဖယ်ရှားပေးရုံသာမက သင်းပျံ့တဲ့ရနံ့ကိုပါ ပေးစွမ်းနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ထဲကို ဂွမ်းလုံးလေးအသာနှစ်ပြီး ချိုင်းကို သုတ်လိမ်းပေးနိုင်ပါတယ်။

၃။ ဆလပ်ရွက်

ယုံနိုင်စရာမကောင်းပေမယ့်လည်း ဆလပ်ရွက်က ခန္ဓာကိုယ်ရှိ မလိုလားတဲ့ ရနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆလပ်ရွက်အနည်းငယ်ကို ထုခြေအရည်ညှစ်ပြီး ချိုင်းကိုသုတ်လိမ်းပေးပါ။ အကောင်းဆုံးရလဒ်တွေအတွက် ဆလပ်ရွက်အရည်ကို ရေချိုးပြီးနောက် ချက်ချင်းလိမ်းပေးနိုင်ပါတယ်။

၅။ ခရမ်းချဉ်သီးအနှစ်

ခရမ်းချဉ်သီးကို ကြိတ်ခြေပြီး ရရှိလာတဲ့ အနှစ်ကို ချိုင်းမှာတိုက်ရိုက်လိမ်းပေးပြီး ၁၅ မိနစ်ထားပြီး ရေဖြင့်သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အချိန်တိုအတွင်းမှာ ရလဒ်ကောင်းတွေကို တွေ့မြင်နိုင်မှာပါ။

၅။ စန္ဒကူးအမှုန့်

စန္ဒကူးအမှုန့်က ရေသင့်တင့်ရုံမျှဖြင့် ရောစပ်ပြီး ရရှိလာတဲ့အနှစ်ကို ချိုင်းကြာမှာ လိမ်းကြံပေးနိုင်ပါတယ်။ ခြောက်သွားသည်အထိ ထားပေးပြီး ရေသန့်သန့်နဲ့ သန့်ရှင်းပေးနိုင်ပါတယ်။

၆။ သံပယိုသီး

သံပယိုသီးတွေက မီးဖိုချောင်က ဟင်းခွက်ပန်းကန်တွေနဲ့ အဝတ်အစားတွေက အနံ့ဆိုးတွေသာမက ချိုင်းကြားက အနံ့တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ အချဉ်ဓာတ်ကြောင့် အသားအရေပေါ်ရှိ ပိုးမွှားတွေကို ဖယ်ရှားပေးလို့ မွှေးပျံ့တဲ့ရနံ့ကိုပဲ ကျန်ရစ်စေပါတယ်။

သံပယိုသီးကို အလယ်မှထက်ခြမ်းခြမ်းပြီး ချိုင်းကိုတိုက်ရိုက်ပွတ်လိမ်းပေးနိုင်ပါတယ်။