မျက်စိစွံနေလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ သဘာဝနည်းလမ်းလေးကို မျှဝေပေးမယ်နော်။

မျက်စိစွံတာဟာ မျက်ခွံနားမှာရှိတဲ့ အဆီဂရင်းကြောင့်ဖြစ်ရတာပါ။ မျက်ခွံ အဆီပြန်နေပြီး ဆဲလ်သေတွေကြောင့် ဖြစ်ရတာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်သလို၊ အစားအသောက်နဲ့ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁။ ရေနွေး

ခွက်တစ်လုံးထဲကို ရေနွေးထည့်လိုက်ပါ။ ပြီးရင် ဝါဂွမ်းကိုနစ်လိုက်ပြီး မျက်လုံးပိတ်ကာ မျက်ခွံကို မိနစ်အနည်းငယ် ညင်သာစွာဖိပေးပါ။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ လုပ်နိုင်ပါတယ်။

၂။ နနွင်း

နနွင်းဟာ ဘက်တီးရီးယားတွေကို သေစေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ နနွင်း လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေနွေါ်တစ်ခွက်နဲ့ ရောလိုက်ပါ။ ပြီးရင် သေချာမွေလိုက်ပြီး ဝါဂွမ်းကိုနစ်လိုက်ပါ။ ပြီးရင် မျက်ခွံပေါ်က မျက်စိစွံနေတဲ့နေရာကို ဖိပေးပါ။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ လုပ်နိုင်ပါတယ်။ နွားနို့သောက်တဲ့အခါ နနွင်းထည့်ပြီးလည်းသောက်နိုင်ပါတယ်။

၃။ လက်ဖက်ထုပ်

Used Tea Bags

လက်ဖက်ထုပ်ကို ရေနွေးနဲ့ ၅ မိနစ်လောကိစမ်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ နာရီဝက်လောက် အအေးခံပြီး မျက်စိစွံတဲ့နေရာမှာ ကပ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်လုပ်ပါ။

၄။ မာလကာရွက်

မာလကာရွက်ဟာ ရောင်ရမ်းတာကို လျှော့ကျစေပါတယ်။ မာလကာရွက်ကို ရေနွေးနဲ့ မိနစ်အနည်းငယ် ပြုတ်လိုက်ပါ။ ပြီးရင် အဝတ်စကို ရေနွေးနဲ့ စိမ်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။ အဲဒီနောက် မာလကာရွက်တွေကို အဲဒီအဝတ်စထဲထည့်ပေးပြီး အမေးခံလိုက်ပါ။ အဲဒီနောက် မာလကာရွက်ကို မျက်စိစွံနေတဲ့နေရာမှာ ကပ်ပေးပါ။ မိနစ် အနည်းငယ်လောက်ထားပါ။ အရောင်မလျော့မချင်း လုပ်ပေးနိုင်ပါတယ်။

၅။ ကြက်ဆူဆီ

ကြက်ဆူဆီကလည်း ဘက်တီးရီးယားတွေကို သေစေပြီး နာကျင်တာကို သက်သာစေပါတယ်။ အရင်ဆုံး မျက်စိစွံနေတဲ့နေရာကို ရေနွေးနဲပ ဆေးချပါ။ ပြီးရင်တော့ ဝါဂွမ်းစနဲ့ ကြက်ဆူဆီကို တို့လိုက်ပြီး အနာပေါ်လိမ်းပေးပါ။ တစ်နေ့ ၂ ကြိမ်လုပ်ပါ။

၆။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို မျက်စိစွံနေတဲ့ နေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်လော်ကထားပါ။ပြီးရင် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ကို၃ ကြိမ်ကနေ ၄ ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။