စတော်ဘယ်ရီသီးကတော့ အရသာရှိရုံတင်မက အဆီနဲ့ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။

335600-strawberry

ပန်းသီး လိမ္မော်သီး နဲ့ ငှက်ပျောသီးတွေနဲ့ယှဉ်ရင်တောင် စတော်ဘယ်ရီသီးမှာ အာဟာရဓါတ် ပိုမိုပါဝင်ပါတယ်။

ဆီးချိုအတွက်အကောင်းဆုံးစတော်ဘယ်ရီ

type-2-diabetes

စတော်ဘယ်ရီသီးမှာ ကာဘွန်ဟိုက်ဒရိတ်ဓါတ် အနည်းငယ်ပဲပါဝင်ပြီး ဆီးချိုအတွက် အရမ်းကိုအကျိုးကျေးဇူးများတဲ့အသီးပါ။ ဒါ့ကြောင့် စတော်ဘယ်ရီသီးဖျော်ရည်ကို တစ်နေ့ ၂ ခွက်လောက်သောက်ပေးတာဟာ ဆီးချိုပမာဏကို အကောင်းမွန်ဆုံး ထိန်းထားနိုင်ပါတယ်။

ကိုယ်ခံအားစနစ်

823930_97522623

စတော်ဘယ်ရီသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

မျက်လုံး

original

စတော်ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant ဟာ မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

အရွယ်တင်နုပျိုခြင်း

woman-with-perfect-white-teeths-eating-strawberry

အလှအပကြိုက်တတ်သူတွေကတော့ စတော်ဘယ်ရီသီးကို ကြိုက်နှစ်သက်ကြပါတယ်။ စတော်ဘယ်ရီသီးမှာAntioxidant တွေပါဝင်လို့ ဆံပင်ကျန်းမာသန်စွမ်းစေရုံသာမက အရွယ်တင်နုပျိုစေပါတယ်။

အရိုး

စတော်ဘယ်ရီသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်လို့ အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။

Souce: healthyfoodproteam.com

Photo Credit: 54health.com