ဝမ်းဗိုက်ထဲမှာ ဂတ်စ်တွေ သို့မဟုတ် လေတွေပြည့်နေချိန်မှာ ဝမ်းဖောဝမ်းရောင် ခံစားလာရနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ထိုဝေဒနာခံစားရတဲ့ နေရာတစ်ဝိုက်ဟာ ကြီးလာပြီးတော့ ရောင်ကိုင်းလာမှာဖြစ်ပါတယ်။

ဝမ်းဖောခြင်းဖြင့် နာကျင်မှုကို ခံစားရပြီး အစာအိမ်တွင်းမှာ နေလို့ထိုင်လို့မကောင်းဖြစ်စေပါတယ်။ အထူးသဖြင့် အစာစားပြီးနောက်မှာပါ။ ဝမ်းဖောသည့်အခါ ဝမ်းဗိုက်နာကျင်မှုကိုပါ ပူးတွဲခံစားလာရတာကြောင့် တစ်ခါတစ်လေမှာ အစာအိမ်ရောင်တယ်ဆိုပြီးတော့ လူတွေ အထင်မှားကြတာဖြစ်ပါတယ်။

ဒီလိုနေထိုင်မကောင်းတဲ့အခြေအနေကို နောက်ထပ်မခံစားချင်တော့ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို ရှောင်ကြဉ်လိုက်ပါ။

ပဲများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ Carbs နှင့် ပရိုတင်းဓာတ်များပါဝင်သည့်အပြင် သတ္တုဓာတ်များ၊ မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် ဖိုက်ဘာတို့လည်း ကြွယ်ဝပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် အကောင်းဆုံးရွေးချယ်မှုဆိုပေမယ့်လည်း ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းတို့လို အစာခြေဖျက်ခြင်းပြဿနာများ ခံစားရလေ့ရှိတဲ့သူဆိုရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။

ပဲနီကလေး

Source: medicalnewstoday.com

ကျန်းမာတဲ့သူများအတွက်တော့ ပဲနီကလေးတွေဟာ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေအများကြီးပေးနိုင်တာကြောင့် စားသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။ ပရိုတင်း၊ ဖိုက်ဘာ၊ ကော့ပါး၊ သံဓာတ် စတဲ့သတ္တုဓာတ်တွေပါဝင်တဲ့ ပဲနီကလေးတွေဟာ အစာအိမ်ကောင်းသူတွေအတွက် ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်းကို သက်သာစေပေမယ့်လည်း အစာအိမ်မကောင်းသူများအတွက်တော့ ဝမ်းဖောဝမ်းရောင်ဖြစ်စေနိုင်ပါတယ်။

အမြုပ်ပါတဲ့ အအေးများ

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်နေတဲ့ ဒီလိုဖျော်ရည်တွေ အများကြီးသောက်သုံးမိခြင်းက အစာအိမ်တွင်းမှာ ဖောရောင်ခြင်းနှင့် နာကျင်ဝေဒနာကို ခံစားလာရစေနိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ ဂတ်စ်တွေဖြစ်တဲ့အတွက်ကြောင့် အလွန်အကျူးသောက်မိပါက အစာအိမ်တွင်းမှာ ဂတ်စ်တွေပြည့်ကာ ဝမ်းဖောဝမ်းရောက်ဖြစ်လာရတာပါ။

အကယ်လို့ ရေဆာတယ်လို့ ခံစားရရင် ရေသာသောက်သုံးပါ။

အသီးအရွက်များ

Source: columbiasurgery.org

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီနှင့် အခြားအသီးအရွက်တွေဟာဆိုရင် အစာအိမ်တွင်းမှာ ဝမ်းဖောဝမ်းရောင်ဖြစ်စေပါတယ်။ အထူးသဖြင့် ကျန်းမာရေး၊ အသားအရေနှင့် ဆံကေသာအတွက် အထူးကောင်းမွန်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ အစာအိမ်ပြဿနာမရှိသူများအတွက်သာ သင့်တော်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အစာအိမ်သိပ်ပြီးမကောင်းသူများ စားသုံးမိပါက ဂတ်စ်တွေများလာမှာဖြစ်ပါတယ်။

ကြက်သွန်နီ

မြေအောင်းမျိုး ကြက်သွန်နီဟာဆိုရင် ဟင်းလျာတွေကို ပိုပြီးအရသာကောင်းစေတဲ့ ဟင်းချက်ပစ္စည်းဖြစ်ပါတယ်။ မှန်မှန်စားသုံးပါကလည်း များပြားသော ကျန်းမာရေးပြဿနာတွေကို ကုသ၊ ကာကွယ်နိုင်ပေမယ့်လည်း ပျော်ဝင်လွယ်တဲ့ ဖိုက်ဘာပါဝင်တာကြောင့် ဖောရောင်ခြင်းကိုဖြစ်စေလို့ အချို့သူများအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာဆိုရင်လည်း ဟင်းလျာတွေထဲမှာ ထည့်သွင်းစားသုံးလေ့ရှိတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပေမယ့်လည်း တစ်ချို့သောသူများ အတွက်တော့ ဝမ်းဖောဝမ်းရောင်ဖြစ်စေနိုင်ပါတယ်။

Featured Image Source: express.co.uk