(Zawgyi)

အာဟာရဓာတ္ေတြဟာ က်န္းမာေရးအတြက္ အေရးႀကီးတဲ့အခန္းက႑က ပါဝင္ပါတယ္။ အစာလည္းေဆး ေဆးလည္းအစာဆိုတဲ့စကားအတိုင္းကၽြန္မတို႔ စားသံုးလိုက္တဲ့အစားအစာေတြဟာ ကၽြန္မတို႔ရဲ႕ က်န္းမာေရးအတြက္ မ်ားစြာသက္ေရာက္မႈရွိပါတယ္။ ေသြးေၾကာေလးေတြ ပိတ္ဆို႕တဲ့အခါ ေသြးလည္ပတ္မႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ၿပီး ႏွလံုးဆိုင္ရာ ေရာဂါျဖစ္ပြားေစႏိုင္ပါတယ္။

ဒါ့ေၾကာင့္ ေသြးလႊတ္ေၾကာနဲ႔ ေသြးျပန္ေၾကာေတြကို သန္႔စင္ေပးႏိုင္မယ့္ အစားအစာေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ၾကက္သြန္ျဖဴ

အားလံုးသိၾကတဲ့အတိုင္း ၾကက္သြန္ျဖဴဟာ က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ၾကက္သြန္ျဖဴမွာ Antioxidantေတြပါဝင္ၿပီး Free Radicals ေတြကို တိုက္ထုတ္ေပးတာေၾကာင့္ ေသြးလႊတ္ေၾကာကို သန္႔စင္ေပးႏိုင္ပါတယ္။ေသြးလႊတ္ေၾကာေတြကို သန္႔စင္ေပးတာေၾကာင့္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစသလို ေသြြးဖိအားကိုလည္း က်ေစပါတယ္။

၂။ ပန္းသီး

ပန္းသီးဟာလည္း အမွ်င္ဓာတ္ေတြၾကြယ္ဝစြာပါဝင္ၿပီး ေသြးေၾကာေလးေတြ႕ို သန္႔စင္ေပးႏိုင္ပါတယ္။ Flavonoid ဓာတ္ပါဝင္ၿပီး ႏွလံုးကို က်န္းမာေစပါတယ္။

၃။ငါး

ငါးမွာ မျပည့္ဝဆီျဖစ္တဲ့ Omega 3 Fatty Acids ပါဝင္ၿပီး ေသြးေၾကာေလးေတြကို သန္႔စင္ေပးပါတယ္။ အေကာင္းဆံုးငါေတြကေတာ့ ဆဲလ္မြန္ငါး ၊တူနာငါး တို႔လို ငါးေတြပဲျဖစ္ပါတယ္။

၄။ နႏြင္း

နႏြင္းဟာလည္း ေသြးေၾကာေလးေတြကို သန္႔စင္ေပးႏိုင္တဲ့အစားအစာျဖစ္ပါတယ္။

၅။ သံလြင္ဆီ

သံလြင္ဆီဟာ သင့္က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစၿပီး ေသြးေၾကာေလးေတြကို သန္႔စင္ေပးႏိုင္ပါတယ္။

၆။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွာ Lycopene ဆိုတဲ့ Antioxidant ေတြၾကြယ္ဝစြာပါဝင္ၿပီး မေကာင္းတဲ့ကိုလက္စေရာေတြကို ကာကြယ္ေပးပါတယ္။ သင့္ေသြးေၾကားေလးေတြကို သန္႔စင္ေပးႏိုင္ၿပီး ႏွလံုးကို က်န္းမာေစပါတယ္။

(Unicode)

အာဟာရဓာတ်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်းကျွန်မတို့ စားသုံးလိုက်တဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိပါတယ်။ သွေးကြောလေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့ကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်သွန်ဖြူ

အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidantတွေပါဝင်ပြီး Free Radicals တွေကို တိုက်ထုတ်ပေးတာကြောင့် သွေးလွှတ်ကြောကို သန့်စင်ပေးနိုင်ပါတယ်။သွေးလွှတ်ကြောတွေကို သန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။

၂။ ပန်းသီး

ပန်းသီးဟာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးကြောလေးတွေ့ို သန့်စင်ပေးနိုင်ပါတယ်။ Flavonoid ဓာတ်ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။

၃။ငါး

ငါးမှာ မပြည့်ဝဆီဖြစ်တဲ့ Omega 3 Fatty Acids ပါဝင်ပြီး သွေးကြောလေးတွေကို သန့်စင်ပေးပါတယ်။ အကောင်းဆုံးငါတွေကတော့ ဆဲလ်မွန်ငါး ၊တူနာငါး တို့လို ငါးတွေပဲဖြစ်ပါတယ်။

၄။ နနွင်း

နနွင်းဟာလည်း သွေးကြောလေးတွေကို သန့်စင်ပေးနိုင်တဲ့အစားအစာဖြစ်ပါတယ်။

၅။ သံလွင်ဆီ

သံလွင်ဆီဟာ သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး သွေးကြောလေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Lycopene ဆိုတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စရောတွေကို ကာကွယ်ပေးပါတယ်။ သင့်သွေးကြေားလေးတွေကို သန့်စင်ပေးနိုင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။