သားအိမ်ကင်ဆာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အစောဆုံးကာလမှာ သိရှိထားမှ ဆေးဝါးကုသမှု အောင်မြင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သားအိမ်ကင်ဆာ လက္ခဏာရပ်တွေကို လျစ်လျူမရှုသင့်ပါဘူး။

ဝမ်းဗိုက်ဖောင်းခြင်း နဲ့ လေပွခြင်း

နောက်ပိုင်းမှာ အစာစားသုံးဖို့ခက်ခဲလာမှာဖြစ်ပါတယ်။ အစားလည်းသိပ်မစားဘဲ အလွယ်တကူဗိုက်ပြည့်နေတာမျိုး လေပွတာမျိုး နေရာတာ သက်သောင့်သက်သာမရှိတာမျိုးဖြစ်တတ်ပါတယ်။ လေပွလို့ ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဖြစ်နေပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။

ဗိုက်နာခြင်း

အမျိုးသမီးတွေ ဓမ္မတာပုံမမှန် ဆင်းတာကြောင့် ဗိုက်အလွန်အမင်းနာကျင်တာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ အစာမကြေတာမျိုး ဂတ်စ်များတာမျိုးခံစားရပြီး အစာအိမ်နာတာမျိုး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကြောင့် ဗိုက်နာတာတွေမျိုး မကြာခဏဆိုသလို ဗိုက်နာတာမျိုးဆိုရင် ဆေးစစ်သင့်ပါတယ်။

မကြာခဏ ပုံမမှန်ဆီးသွားခြင်း

မကြာခဏဆိုသလို ပုံမမှန်ဆီးသွားတာမျိုးဖြစ်ရင် သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ရေအများကြီးသောက်လို့မဟုတ်ဘဲ အမြဲတမ်းလိုလို ဆီးသွားချင်တာ မကြာခဏဆိုသလိုပဲ ဆီးသွားတာမျိုးက မပေါ့သင့်ပါဘူး။ ပုံမှန်ဆိုရင် ဆီးအောင့်လို့ရပေမယ့် ဆီးအောင့်လို့လုံးဝမရဘဲ အရေးပေါ်မျိုးမကြာခဏဖြစ်ရင် ဆရာဝန်ထံသွားလိုက်ပါ။

ပင်ပန်းနွမ်းနယ်ခြင်း

အလွန်အမင်းပင်ပန်းနွမ်းနယ်တာမျိုးက အမျိုးသမီးတိုင်ကြုံတွေ့ရတဲ့ လက္ခဏာတစ်ခုလို့ ဆိုရင်လည်းဆိုနိုင်ပါတယ်။ အလုပ်လေးလေးပင်ပင်လုပ်တာမျိုးကြောင့်မဟုတ်ဘဲ အိမ်မှာ လမ်းလျှောက်တာ လှေကားတက်တာကအစ မောပန်းနေတယ်လို့ ခံစားရရင် မပေါ့သင့်ပါဘူး။ ရုတ်တရက်ဆိုသလို ပင်ပန်းလာပြီဆိုရင်လည်း သတိထားသင့်ပါတယ်။

ခါးအောက်ပိုင်းနာကျင်ခြင်း

ခါးအောက်ပိုင်းမှာ စူးရှတဲ့ နာကျင်ခိုက်ခဲမှုမျိုးကြုံတွေ့ရတယ်ဆိုရင် မပေါ့သင့်ပါဘူး။ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ပုံမှန်လုပ်နေတဲ့အလုပ်တွေလုပ်ဖို့တောင် ခါးနာလို့ မလုပ်နိုင်ဖြစ်နေရင် သတိထားပါ။

အလွန်အမင်းဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာဟာလည်း သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်တစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။ အသီးအရွက်တွေ များများစားသုံးပေးပေမယ့် ဝမ်းမသွားဘဲ ကြာရှည်ဝမ်းချုပ်နေရင် ဆရာဝန်နဲ့ ဆေးစစ်ခံသင့်ပါတယ်။

Featured Image Source: The Boston Globe