ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာဖြစ်ပွားရခြင်းရဲ့ အဓိကတရားခံကို သေချာမသိနိုင်သေးပေမယ့်လည်း ကျွမ်းကျင်ရှင်းများကတော့ ကိုယ်သောက်သုံးလိုက်သည့်ဆေးများ၊ အိပ်ရေးပျက်ခြင်းများ စသည့်အကြောင်းအရင်းတို့ကြောင့် ဖြစ်တာလို့ ဆိုပါတယ်။ တွက်ကြည့်လိုက်တဲ့အခါမှာလည်း လူဆယ်ရာခိုင်နှုန်းလောက်ကို Diet လုပ်နေခြင်းရဲ့ အမှားတစ်ခုခုကြောင့် ဖြစ်တာလို့လည်း တွေ့ရှိရပါတယ်။

ဒါကြောင့် ဒီတစ်ခါမှာလည်း ဘယ်လိုအစားအစာမျိုးက ခေါင်းကိုက်ခြင်းကို ပိုမိုဖြစ်စေနိုင်သလဲ သိရှိဖို့ရာ ဖော်ပြပေးလိုက်ရပါတယ်။

၁။ နှစ်ချို့နေသော ချိစ်များ

အချိန်အကြာကြီး သိမ်းဆည်းထားသည့် ချိစ်များတွင် Tyramine မြင့်မားသည့်အတွက် ခေါင်းကိုက်ဝေဒနာ ခံစားရစေနိုင်ပါတယ်။

၂။ အချဉ်ဓာတ်ရှိအသီးအနှံများ

ချဉ်သည့်အရသာရှိသော အသီးများတွင် အက်စစ်အများအပြားပါဝင်လို့ သွေးအတွင်းရှိ pH ပမာဏပေါ် သက်ရောက်နိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်မှုကို ဖြစ်ပွားစေပါတယ်။

၃။ အအေးဓာတ်ရှိအစားအသောက်များ

ရာသီဥတုတအားပူအိုက်လို့ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ထားပြီး ချွေးအလွန်ထွက်နေလို့ ရေခဲမုန့် သို့မဟုတ် အအေးတို့ကို မြန်မြန်သောက်လိုက်မယ်ဆိုရင် အအေးဓာတ်ကြောင့် ခေါင်ကိုက်ပြီး တစ်နာရီနီးပါးခံစားရမှာဖြစ်ပါတယ်။

၄။ ကစီဓာတ်

ဂျုံ၊ ပြောင်းတို့ထဲမှာ ကစီဓာတ်တွေကို တွေ့ရတတ်ပြီး ထိုဂျုံ၊ပြောင်းတို့နဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကလည်း ကစီဓာတ်နဲ့မတည့်သူတွေကို ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားရစေနိုင်ပါတယ်။

၅။ ကဖိန်းဓာတ်

ကော်ဖီအများကြီးသောက်သုံးမိခြင်းကလည်း ခေါင်းကိုက်ခြင်းကို အစပြုစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကို တစ်နေ့လျှင် ၂ ခွက်သာအနည်းဆုံးသောက်သုံးပေးပါ။ ချောကလက်၊ ကိုကိုအား၊ လက်ဖက်ရည်နှင့် ကိုကာကိုလာတို့မှာလည်း ကဖိန်းဓာတ်ပါဝင်ပါတယ်။

၆။ အရက်ပါဝင်သည့်ဖျော်ရည်များ

ဝိုင်နီက ခေါင်းတစ်ခြမ်းကိုက်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ လူအများကသိထားပေမယ့်လည်း ဘီယာ၊ စပါကလင်ဝိုင် နှင့် အခြားပြင်းရှရှအရည်တွေကလည်း ခေါင်းကိုကိုက်ခဲစေနိုင်ပါတယ်။

ဘယ်လိုကုသမလဲ

ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်နေဖို့ ရေ ၈ ခွက်ကို အနည်းဆုံးသောက်ပေးဖို့ မမေ့ပါနဲ့။ အစားကိုလည်း မှန်မှန်စားသုံးပေးပါ။ ဗိုက်ပြည့်နေရင်တော့ ခေါင်းကိုက်မှုကို ကာကွယ်နိုင်မှာပါ။ အသီး၊ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။

Credit: BrightSide