အားလုံးပဲ မဂ်လာပါရှင့်.MyHealth Myanmar Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်..အခုလိုCovid 19 ရောဂါဖြစ်ပေါ်နေတဲ့ကာလမှာ ကျန်းမာရေးကိုအထူးဂရုစိုက်ကြဖို့လိုအပ်ပါတယ်။

ရေခဲစားခြင်း ဒါမှမဟုတ် ဆားငန်သောအရာတစ်ခုခုကို တစ်ချိန်လုံးစားချင်နေတာက ဓာတ်သတ္တုများနှင့်ဗီတာမင်များချို့တဲ့ခြင်းနဲ့ တခြားပြဿနာတခုခု ဖြစ်နိုင်တယ်လို့ ဆရာဝန်ကြီးများက ပြောခဲ့ကြပါတယ်။အဲဒါကြောင့်အခုလိုကပ်ရောဂါတွေဖြစ်ပေါ်နေချိန်မှာ ပိုပြီးသတိပြုနေထိုင်သင့်ပါတယ်။

သင့်ခန္ဓာကိုယ်ကနေ သင့်ကိုအသက်ရှည် ကျန်းမာစွာနေနိုင်ဖို့အတွက် ယခုလိုအချက်များဖြင့်ပြောပြနိုင်တာကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ခြေဖဝါးယားယံခြင်း

သင်၏ခြေထောက်များနှင့်ခြေဖဝါးများ ယားယံခြင်းနဲ့ ပုရွက်ဆိတ်များပြေးလွှားနေသလိုခံစားမှုမျိုး သင်မကြာခဏခံစားနေရပါက
အဲဒါကနာကျင်ကိုက်ခဲသော ခြေထောက်ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။အဲဒီရောဂါက ညဘက်သင့်အနားယူတဲ့အချိန်တွင်
ပိုသိသာခံစားရစေပြီးကာလကြာရှည်တဲ့အထိဖြစ်တတ်တဲ့ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

၂။အရေပြားရောင်ရမ်းခြင်း

Source:shutterstock.com

အရေပြားပြဿနာများကိုလျစ်လျူရှုမထားပါနှင့်။အရေပြားထူပြီးယားယံလာတဲ့အခါ ၎င်းသည် ဟော်မုန်းရောဂါ၊ နှင်းခူနှင့်ဓာတ်မတည့်ခြင်း ကဲ့သို့သော အတွင်းပိုင်းပြဿနာများ၏လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။အကယ်လို့အဲဒီပြဿနာများဆက်ဖြစ်နေတယ် ဒါမှမဟုတ် ပိုမိုဆိုးရွားလာတယ်လို့ ထင်ရလျှင် သင်သွေးစစ်ဆေးမှုအချို့ကို ပြုလုပ်သင့်ပါတယ်။

၃။အမျက်ဒေါသနှင့်ရန်လိုသောအပြုအမူ

အမျက်ဒေါသပေါက်ကွဲခြင်းကသင်၏အပြုအမူကြောင့်အမြဲတမ်းဖြစ်နေတာမဟုတ်ပါဘူး။တကယ်တော့ဒါဟာစိတ်ကျရောဂါနဲ့ဆက်နွယ်နေတယ်လို့
သုတေသီအချို့ကဆိုပါတယ်။သူတို့အဆိုအရ စိတ်ကျရောဂါက စွမ်းအင်ချို့တဲ့ခြင်း သို့မဟုတ် ၀မ်းနည်းခြင်းဝေဒနာခံစားနေရခြင်းမျှသာမဟုတ်ပဲ
အမြဲဒေါသထွက်ခြင်းနဲ့ ရန်လိုတတ်သောအရာကလည်း ဖြစ်စေတတ်ပါတယ်။

၄။အအိပ်လွန်ခြင်း


Source:shutterstock.com

အအိပ်လွန်ခြင်းရောဂါကို hypersomnia ဟုခေါ်ပါတယ်။ပင်ပန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အိပ်ချင်စိတ်မဟုတ်ပဲ တစ်ချို့autoimmune ရောဂါများကဘယ်နေရာတွင်မဆို အိပ်ပျော်လိုသောခံစားမှုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါ့အပြင်မအိပ်ခင်အရက်ယမကာသောက်ခြင်းကလည်း အအိပ်လွန်ခြင်းရောဂါ ဖြစ်စေနိုင်တဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။

၅။ရေခဲတုံးစားချင်စိတ်ဖြစ်ခြင်း

Source: Dentist Fresno Ca
အမြဲရေခဲတုံး ဝါးစားချင်တဲ့စိတ်က အလေ့အထအကျင့်တစ်ခုတည်းအတွက်သာမဟုတ်ပါ။သံဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် သွေးအားနည်းရောဂါတွေက အခုလိုထူးခြားသောစိတ်ဆန္ဒဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဖြစ်တယ်လို့ အချို့သုတေသနများက အဆိုပြုခဲ့ကြပါတယ်။

ကဲ..အခုလိုခန္ဓာကိုယ်ထဲဖြစ်ပေါ်နေသောအရာများကလည်း သင့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။