ကျန်းမာရေးဆိုင်ရာလေ့လာချက်တော်တော်များမှာ ကော်ဖီသောက်ခြင်းတွင် ပါဝင်သော antioxidants ပမာဏက များစွာအကျိုးရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ သို့သော်သင်အလွန်အကျွံ့သောက်မိပါက စွဲလမ်းတဲ့အဆင့်ကိုရောက်ရှိပြီးသင့်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ တကယ်လို့ သင်က မှန်မှန်ကန်ကန်သောက်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် တကယ်ကောင်းစေသောဆေးတစ်ခွက်ဖြစ်ပါတယ်။ သင့်သောက်နေတဲ့ ကော်ဖီတစ်ခွက်ကနေ သင့်ကျန်းမာရေးကိုကောင်းမွန်စေပြီး ကဖိန်းဓါတ်ကိုပိုမိုအားကောင်းစေတဲ့ အလေ့အထအနည်းငယ်ကို  ဒီကနေမျှဝေ ပေးချင်ပါတယ်။

၁။ သင့်၏မနက်စာကို ကော်ဖီတစ်ခွက်တည်းသာ မသောက်ပါနှင့်။

အစာမရှိသေးသောအစာအိမ်အတွက် ကော်ဖီတစ်ခွက်သောက်ခြင်းက ကောင်းတဲ့အရာတစ်ခုမဟုတ်ပါ။သင် ဘာမှမစားဘဲ ကော်ဖီသောက်ခြင်းက သင်၏အစာအိမ်နံရံကို ပျက်စီးစေနိုင်တယ်။ ဒါ့အပြင် သင်၏အာရုံကြောစနစ်ကိုပါ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ သေချာတာက သင်ကမနက်စာကို အထူးတလည်စားရမှာကို မကြိုက်ဘူးဆိုရင် ကော်ဖီမသောက်မီ အနည်းဆုံး မုန့်တခုခုကိုအရင်စားလိုက်ပါ။

၂။သကြားရှောင်ပါ။

သကြား သို့မဟုတ် ချိုတဲ့အရာ လုံးဝမထည့်ပဲကော်ဖီသောက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် တချို့လူတွေက အချိုဓါတ်မပါရင် မသောက်တတ်ကြဘူး။ သကြားက ခေတ်သစ်အန္တရာယ်အရှိဆုံးအရာများထဲမှ တစ်ခုအပါအဝင်ဖြစ်တယ်။သင်ရဲ့ကော်ဖီခွက်ထဲသို့ Vanilla ဒါမှမဟုတ် Stevia ကဲ့သို့သော သဘာဝအရာတစ်ခုခုကိုထပ်ထည့်ပါ။ သို့သော် သကြားကိုစွဲလမ်းနေသေးတယ်ဆိုရင် အနည်းဆုံး သင်၏ပုံမှန်ပမာဏကို ထက်ဝက်လျှော့ချဖို့ကြိုးစားပါ။

၃။ နေ့လည်၂နာရီနောက်ပိုင်းကဖိန်းဓါတ်ကိုရှောင်ပါ။

ကော်ဖီကလူတိုင်းနီးပါးကြိုက်ကြတဲ့အစွမ်းထက်တဲ့အရာတစ်ခုဖြစ်ပေမယ့် သင့်ရဲ့အိပ်စက်ခြင်းကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတစ်ခုလည်း
ဖြစ်ပါတယ်။ မနက်ပိုင်းတွင် ကော်ဖီ ၂ခွက် ၃ခွက် အထိသင်သောက်နိုင်ပေမယ့် နေ့လည်၂နာရီနောက်ပိုင်းတော့ မသောက်ဘဲ ရှောင်တာ အကောင်းဆုံးပါပဲ။

၄။ဗာဒံနို့နဲ့အစားထိုးပါ။

သင်ဟာပုံမှန်ကော်ဖီသောက်တဲ့သူဖြစ်ပြီး တနေ့ နှစ်ခွက် ၃ခွက် သောက်လေ့ရှိပါက သင်သောက်သုံးတဲ့နို့ပမာဏာကိုထိန်းခြင်းက အကောင်းဆုံးပါပဲ။
နို့အလွန်အကျွံ့သောက်ပါက အစာအိမ်နဲ့ အူလမ်းကြောင်းလက္ခဏာများဖြစ်ပေါ်စေခြင်းနှင့် သင့်ကိုယ်အလေးချိန်တက်လာစေမှာဖြစ်ပါတယ်။
ဒါကြောင့် နို့မှုန့်များအစား သဘာဝနို့စစ်စစ်ကို အစားထိုးသောက်ခြင်းက သင့်ကိုပိုကျန်းမာစေမှာဖြစ်ပါတယ်။

၅။ အော်ဂဲနစ်


Soure; The Wanderlusters

အော်ဂဲနစ်ထုတ်ကုန်များသည် အကောင်းဆုံးရရှိနိုင်သော အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ကော်ဖီနှင့်မခြားနားပါ။ ပုံမှန်ကော်ဖီစေ့တွင် ပိုးသတ်ဆေးနှင့်ဒြပ်မြေသြဇာများ အန္တရာယ်ရှိသောဓါတုပစ္စည်းများ ပါဝင်နိုင်ပါတယ်။
အသိအမှတ်ပြုအော်ဂဲနစ်ကော်ဖီက သင့်ကျန်းမာရေးနဲ့ သင့်ပတ်ဝန်းကျင်အတွက် အကောင်းဆုံးအရာပဲဖြစ်တဲ့အတွက် အော်ဂဲနစ်ကော်ဖီကို ပြောင်းသောက်လိုက်ပါ။

သင်သည်သင်၏ကော်ဖီသောက်ခြင်း လုပ်ရိုးလုပ်စဉ်၌ အဘယ်အလေ့အထထဲပါဝင်နေပါသလဲ? သင့်ဘဝ၌ ကဖိန်းဓာတ်ကြိုက်သူရှိရင်တော့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါနော်။