ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှုဘဝကို ရရှိဖို့အတွက် ဦးစွာလုပ်ဆောင်ရန်လိုအပ်တာကတော့ တက်ကြွလန်းဆန်းနေဖို့ပါပဲ။ လေ့ကျင့်ခန်းအသားကုန်လုပ်ခြင်း၊ ဆရာဝန်ပြခြင်းတို့မလိုအပ်ပါဘူး။ သင်လုပ်ဆောင်ဖို့အဓိကလိုအပ်တာကတော့ သင့်ရဲ့နေထိုင်မှုဘဝကို အပြောင်းအလဲလေးအနည်းငယ်လုပ်ပေးဖို့ပါ။

ဒါကြောင့် တနေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့ လုပ်ဆောင်ပေးရမယ့် အချက်လေးတချို့တလေကို ဖော်ပြပေးလိုက်ရပါတယ်။

မနက်စောစောထပါ

မနက်ခင်းမှာ စောစောနိုးထနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ညဖက်စောစောအိပ်ရာဝင်ဖို့ပါပဲ။ အိပ်ချိန်လုံလုံလောက်လောက်ရရှိခြင်းက သင့်ကိုလန်းဆန်းတက်ကြွစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

မနက်ခင်းအချိန်မှာ ၁၅ မိနစ်မှ မိနစ် ၃၀ အထိလမ်းလျှောက်ပေးပါ။ အတန်ငယ်ပေါ့ပါးသည့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း သင့်ကိုနိုးကြားမှုရှိစေမှာပါ။

မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကို ဂရုတစိုက်စားပေးခြင်းက သင့်ကိုအားအင်တိုးတက်စေရန် ကူညီပေးပါတယ်။ ပရိုတင်းနှင့် အခြားကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီတို့ကို မနက်စာထဲထည့်သွင်းစားသုံးပေးပါ။

ခေတ္တခဏ အနားယူပါ

တနေရာတည်းမှာထိုင်ပြီး မနားမနေအလုပ်လုပ်တာက သင့်ကိုပင်ပန်းနွမ်းနယ်စေပြီး အားအင်ကုန်ခမ်းစေလို့ မိနစ်အနည်းငယ်လောက်ပဲဖြစ်စေ ထိုင်နေရာမှထပြီး ခေတ္တခဏလမ်းလျှောက်ပေးပါ။

သရေစာများ

ပါးစပ်ထဲတမြုံ့မြုံ့ဝါးနေရတာကို ကြိုက်နှစ်သက်ပါက အခွံမာသီးများကို အိတ်ဆောင်သယ်ထားပါ။ အယ်လ်မွန်စေ့များ၊ သီဟိုဋ္ဌ်စေ့တို့လို အခွံမာသီးများက သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။