လူအများစု ရုပ်ပိုင်းဆိုင်ရာနုပျိုမှုကို ဂရုစိုက်ကြသလို ဦးနှောက်ရဲ့ နုပျိုမှုကလည်း မဖြစ်မနေ အလေးထားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဦးနှောက်အတွက် လေ့ကျင့်ခန်းတွေ စားသုံးပေးသင့်တဲ့ဖြည့်စွက်အစားအစာတွေ စားသုံးခြင်းမရှိဘူးဆိုရင် ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကျဆင်းကာ အရွယ်မတိုင်မီ မှတ်ဉာဏ် ယို့ယွင်းပျက်စီးမှုပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဦးနှောက်နုပျိုပြုမှုအတွက် လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေး ချင်ပါတယ်။

(၁) ဦးနှောက်ကို နိုးကြားတက်ကြွအောင်လုပ်ဆောင်ပါ

ဦးနှောက်ဆိုတာ ဓားတစ်လက်နဲ့ သဏ္ဍန်တူတာကြောင့် အမြဲလိုလိုသွေးပေးနေမှသာလျှင် ထက်မြက်တဲ့ အတွေးခေါ်မှုတွေ စူးရှတဲ့ စဉ်းစားဆုံးဖြတ် နိုင်စွမ်းတွေကို ရရှိမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ကြွက်သားတွေအတွက် Gym ကစားပေးရသလို ဦးနှောက်အတွက်လည်း brain storming ဂိမ်းလေးတွေ ကစားပေးခြင်းဖြင့် လန်းဆန်းနုပျိုမှုကိုရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်ကို နိုးကြားတက်ကြွစေဖို့ စာဖတ်ခြင်း ပန်းချီဆွဲခြင်း သချာ်ပုစ္ဆာတွေ တွက်ခြင်း ဉာဏ်စမ်းများဖြေခြင်း စတဲ့အချက်များ လုပ်ဆောင်ပေးသင့်ပါတယ်။

(၂) ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ

ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကာဟလှုပ်ရှားမှုတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်အပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။ ခန္ဓာကိုယ်ကို ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို ဖွံဖြိုးတိုးတက်ဖို့ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သွေးဖိအားကိုလျော့ကျစေပြီး ကောင်းမွန်တဲ့ကိုယ်လက်စထရောပမာဏကိုမြင့်တက်စေတာကြောင့် စိတ်ဖိစီးမှုကိုလျော့ကာ ဦးနှောက် ကျန်းမာနုပျိုစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၃) ဦးနှောက်အဟာရအတွက်ကောင်းစွာစားပါ

ဦးနှောက်နုပျိုးကျန်းမာမှုအတွက် အစာအဟာရကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကိုထူးခြားကောင်းမွန်စေတဲ့ Omega-3 Fatty Acids ကြွယ်ဝတဲ့ငါးများ အခွံမာသီးများ သံလွင်ဆီ ထောပတ်သီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွှက်များစတဲ့ အစားအစာတွေကို တစ်ပတ်လျင် အနည်းဆုံး ၂ ကြိမ်ခန့်စားသုံးပေးသင့်ပါတယ်။ဒါဆိုရင်တော့ နုပျိုလန်းဆန်းတဲ့ ဦးနှောက်နဲ့အတူ သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကိုပိုမိုတိုးတက်စေမှာဖြစ်ပြီး ပိုကောင်းတဲ့စဉ်းစားတွေးခေါ် နိုင်စွမ်းတွေရရှိမှာဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံးလျော့ချပေးပါ

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုများတဲ့သူတွေဟာ ဦး နှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းချက်တွေပိုရှိတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆက်စပ်ပြီးဖြစ်ပေါ်တက်တဲ့ ဒေါ သစိတ်တွေ အဆိုးမြင်စိတ်တွေက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ကျရောဂါ နှလုံးရောဂါတို့နဲ့လည်း တစ်ဆက်တည်းဖြစ်ပေါ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ဒါကြောင့် အတက်နိုင်ဆုံးစိတ်ဖိစီးမှုတွေကိုလျော့ချပြီး စိတ်ဖိစီးမှု ကင်းဝေးစေမယ့် တရားထိုင်ခြင်း ယောဂလေ့ကျင့်ခန်း  သီချင်းနားထောင်ခြင်း စတဲ့အရာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

(၅) ကောင်းစွာအိပ်စက်အနားယူပါ

Source : Shutterstock

အိပ်စက်ခြင်းက ဦးနှောက်ကျန်းမာရေးနဲ့ ဦးနှောက်နုပျို လန်းဆန်းစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်အနားယူပေးခြင်းဖြင့် ဦးနှောက်ကိုအထောက်အပံ့ပေးတဲ့ ဟော်မုန်းတွေကိုထုတ်လွတ် ပေးတာကြောင့် ဦးနှောက်နုပျိုလန်းဆန်းစေပြီး နိုးကြား တက်ကြွစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်း တစ်နေ့လျင် အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ အိပ်စက်ဖို့ မဖြစ်မနေ လိုအပ် ပါတယ်။