တခါတလေမှာ ကိုယ်နှစ်သက်တဲ့အရာတွေက ကိုယ့်အတွက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ထိုဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲတွေက ကိုယ့်ကို အပြင် လုံးဝမထွက်နိုင်အောင် ဖြစ်စေမယ်ဆိုရင်တော့ အဆိုးဆုံးပါပဲ။ ဒါကြောင့် ဒီလိုစိတ်မချမ်းမြေ့ဖွယ်ရာ ခံစားချက်တွေကို ရှောင်ရှားဖို့နဲ့ ကျန်းမာလှပတဲ့ အသွင်အပြင်ကိုရရှိဖို့ မစားသောက်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အရက်

အရက်သောက်ခြင်းက အသားအရေကို ထိခိုက်ပျက်စီးစေဆုံးပါပဲ။ အရက်က ဟော်မုန်းကွဲပျက်ခြင်းကို ဖြစ်စေလို့ ဝက်ခြံတွေထွက်လာနိုင်ပါတယ်။ အူအတွင်းက အရေးကြီးတဲ့ ဘတ်တီးရီးယားတွေကို အစားထိုးလိုက်ခြင်းဖြင့် ကိုယ်ခံအားကိုလျော့ကြစေပါတယ်။ ဒါ့အပြင် အသားအရေကို ရေဓာတ်ကုန်ခမ်းစေလို့ ဖောရောင်မှုကို ဖြစ်ပေါ်စေမှာပါ။

၂။ ဆန်မုန့်များ

ဆန်မုန့်တွေကို စားသုံးခြင်းက အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပြီး ဦးနှောက်အလုပ်လုပ်မှုကို လွှမ်းမိုးနိုင်ပါတယ်။ အများကြီးစားမယ်ဆိုရင် ကိုယ်အလေးချိန်လည်းတက်လာနိုင်ပြီး ဝက်ခြံပေါက်လာစေနိုင်ပါတယ်။

၃။ ဆူရှီ

ကံမကောင်းစွာနဲ့ပဲ ဆူရှီတွေကို စားသုံးခြင်းက အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနှင့် ဝက်ခြံတို့ကို ဖြစ်စေနိုင်ပါတယ်။ အငန်ဓာတ်ပါဝင်သော အစားအသောက်တွေက ဆဲလ်တွေကို အရည်ထိန်းသိမ်းမှုကိုဖြစ်စေလို့ မျက်နှာကိုဖောရောင်စေပါတယ်။

၄။ နို့ထွက်ပစ္စည်းများ

နွားများမှ ရရှိလာတဲ့နို့များတွင် ကြီးထွားမှုဟော်မုန်းတွေပါဝင်လို့ အသားအရေကို အဆီအလွန်ပြန်စေပါတယ်။ ထို့ကြောင့် ဝက်ခြံတွေပေါက်ဖို့ ပိုအခွင့်အလမ်းများသွားပါတယ်။

၅။ ဖျော်ရည်များ

လူတိုင်းဖျော်ရည်သောက်ရတာကို နှစ်သက်ကြပါတယ်။ သို့သော်လည်း ဖျော်ရည်များတွင် ဆိုဒါနည်းတူ သကြားပါဝင်လို့ အသားအရေအတွင်းရှိ Collagen ကိုကြေဖျက်ပစ်လို့ ကြမ်းတမ်းမှုကိုဖြစ်စေပါတယ်။ ဒါကြောင့် ဖျော်ရည်တွေသောက်ခြင်းထက် အသီးတွေကိုသာစားသုံးပေးပါ။

Credit: Brightside