အစာစားပြီးပြီးချင်း အခုပြောပြမယ့် အမူအကျင့်တွေ လုပ်တတ်တယ်ဆိုရင် ပြင်လိုက်ပါနော်။ ဘာလို့လဲဆိုတာ ပြောပြပေးပါမယ်။

၁။ ရေချိုးခြင်း

အစာမစားခင် ရေးချိုးတာဟာ ဗိုက်ပူတယ်လို့ ငယ်ငယ်ကကြားဖူးပါတယ်။ တကယ်တော့ ဒီလိုပါ။ ရေချိုးနေချိန်မှာ ကျွန်မတို့ ခန္ဓာကိုယ်အပူချိန်က အနည်းငယ် မြင့်တက်လာပါတယ်။ ရေချိုးလိုက်ရင် အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ဇီဝဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ထမင်းစားပြီး အနည်းဆုံး မိနစ် ၃၀ နေပြီးမှ ရေချိုးပါ။

၂။ ရေနွေးကြမ်းသောက်ခြင်း

ရေနွေးကြမ်း သောက်ပေးတာဟာ သံဓာတ်ချို့တဲ့စေပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သံဓာတ်ချို့တဲ့သူတွေဆိုရင် ရေနွေးကြမ်းကို အစာအစားပြီး ၁ နာရီအတွင်း မသောက်သင့်ပါဘူး။

အရွယ်ရောက်ပြီးသားသူတွေအနေနဲ့ ရေနွေးကြမ်းအစား ကော်ဖီတစ်ခွက်ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

၃။ အိပ်ခြင်း

ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ အရာ (၅) ခု

ထမင်းစားပြီးပြီးချင်း အိပ်တာဟာ ကိုယ်အလေးချိန်တက်စေပါတယ်။ ရင်ပြည့်ရင်ကယ်တာ၊ အစာမကြေတာလည်း ဖြစ်စေလို့ နေ့လည်စာစားပြီးပြီးချင် (သို့) ညစာစားပြီးပြီးချင်း မအိပ်သင့်ပါဘူး။ အခုလိုအိပ်ရင် လေဖြတ်နိုင်ချေလည်းတိုးမြှင့်လာနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။

ထမင်းစားပြီး ၂ နာရီကြာမှ အိပ်ပေးတာအကောင်းဆုံးပါ။

၄။ လေ့ကျင့်ခန်းလုပ်ခြင်း

အစာစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်တာဟာ ဗိုင့်အောင့်တာ၊ သက်သောင့်သက်သာမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အစာစားပြီးပြီးချင်း လေ့ကျင့်ခန်းမလုပ်ရင်မရဘူးဆိုရင် လမ်းဖြည်းဖြည်းလျှောက်တာမျိုးောလက်ပဲလုပ်ပေးပါ။ အကောင်းဆုံးကတော့ ထမင်းစားပြီး ၂ နာရီကြာမှ ကစားကအကောင်းဆုံးပါပဲ။

၅။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တတ်တဲ့သူတွေကတော့ ထမင်းစားပြီး ခံတွင်းချဉ်လို့ဆိုပြီး ဆေးလိပ်ကို ချက်ချင်းသောက်တတ်ကြပါတယ်။အစာ စားပြီးပြီးချင်း ဆေးလိပ်သောက်ရင် ဗီတာမင်နဲ့ သတ္တုဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ စားစား အလကားပါပဲ။

တတ်နိုင်ရင် ဆေးလိပ်လုံးဝမသောက်တာ ကောင်းပေမယ့် ဆေးလိပ်မဖြတ်နိုင်သူတွေကတော့ အစာစားပြီး မိနစ် ၂၀ လောက်ကြာမှ ဆေးလိပ်သောက်တာ ကောင်းပါတယ်။