ငါးကြီးဆီဆိုတာ တူနာငါး၊ ဆာလမွန်ငါးတွေလိုမှာ Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့ အဆီ တစ်မျိုးဖြစ်တယ်။ Omega-3 အဆီအက်စစ်က ခန္ဓာကိုယ်ရှိအရေးကြီးတဲ့အဂ်ါတွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြှောက်စေပါတယ်။ ငါးကြီးဆီသောက်ပေးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။

၁။ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေတယ်။

ငါးကြီးဆီစားပေးခြင်းဖြင့် အင်ဆူလင်လှုံ့ဆော်မှုကိုတိုးလာစေတာကြောင့် ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရတွေ့ရှိရပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်သူတွေကို ငါးကြီးဆီပုံမှန်စာသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

waist-measure

၂။ ဦးနှောက်ကျန်းမာရေး။

ငါးကြီးဆီမှာပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကိုပြေပျောက်စေပြီး ဦးနှောက်ရဲ့သိနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ အမှတ်တရတွေ၊ ဘာသာစကား၊ ခံစားချက်၊ ဝေဖန်မှု၊ တီထွင်ဖန်တီးနိုင်မှု စတာတွေနဲ့ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။

develop_sharp_mind

၃။နှလုံးကျန်းမာရေး။

Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်မှန်သမျှကို တိုးတက်ကောင်းမွန်စေပါတယ်။ အတ္တလန္တိတ်ဒေသဝန်းကျင်မှာနေထိုင်သူတွေမှာ နှလုံးအမောဖောက်တဲ့ကိစ္စမျိုးဖြစ်တာ အလွန်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ဒေသခံတွေက Omega 3 ကြွယ်ဝတဲ့ ဆာလမွန်ငါးတွေကို စားသုံးပေးကြလို့ပါ။ ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောကိုမြှင့်တင်ပေးပါတယ်။

HeartHealth

၄။အရိုးအဆစ်ကျန်းမာရေး။

အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုအနှောင့်အယှက်ဖြစ်စေပါတယ်။ Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီသောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

joint-pain_shutterstock_176622008

၅။ ကြွက်သား ဖောင်းရောင်ခြင်းကိုသက်သာစေ။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်ဖောင်းရောင်မှုဖြစ်ပါတယ်။ ငါးကြီးဆီစားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကို မြင့်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုသက်သာစေပါတယ်။

6-exercises-to-banish-back-fat

ငါးကြီးဆီကို တစ်နေ့ ပုံမှန် ၂၀၀ မှ ၂၅၀ဂရမ်သောက်သုံးပေးရင် လုံလောက်ပါပြီ။ ကျန်းမာဖွံ့ဖြိုးတဲ့ဘဝကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငါးကြီးဆီကိုပုံမှန်မှီဝဲလိုက်ပါ။