အိပ်ရေးပျက်တယ်ဆိုတာ တစ်ရက်နှစ်ရက်နဲ့ မသိသာပေမယ့် ရက်ရှည်လများ အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်း ဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက် အရမ်းကိုအရေးပါပြီး အရွယ်ရောက်ပြီးသား လူတစ်ယောက် အတွက် တစ်ရက်ကို အနည်းဆုံး (၇) နာရီအိပ်စက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို သတိပြုဆင်ခြင်မိဖို့ အကြုံပြု လိုပါတယ်။

(၁) အိပ်စက်မှုပုံစံမှားနေခြင်း

လူတစ်ယောက်အိပ်စက်တဲ့အခါ ခန္ဓာကိုယ်ကသက်တောင့်သက်သာအနေအထားမျိုးမှာ မရှိဘူးဆိုရင် ခန္ဓာကို ယ်အပေါ် ဖိစီးမှုဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်ဖို့ အနှောက်ယှက်ဖြစ်စေပါတယ်။ဒါကြောင့် ကိုယ့်ကိုပိုပြီး သက်သောင့်သက်သာရှိစေမယ့် အိပ်စက်မှုပုံစံအတိုင်းအိပ်သင့်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်တိုင်အောင် ကိုယ့်အတွက်သက်သောင့်သက်သာရှိစေတဲ့ အိပ်စက်မှုပုံစံကိုမပြောင်းလဲသင့်ပါဘူး။

(၂) ရေပူဖြင့်ရေချိုးခြင်း

ညအိပ်ခါနီးမှာ ကြက်သီးနွေးခန့်ရေနွေးဖြင့်ရေချိုးခြင်းက သင့်ကိုပိုပြီးစိတ်အပန်းပြေစေမှာဖြစ်သလို ညောင်းညာ ကိုက်ခဲမှုတွေကို လည်းလျော့ကျစေပြီး ကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။ သို့သော်လည်း အရမ်းပူတဲ့ ရေနွေးဖြင့် ရေချိုးခြင်း ရေနွေးကန်အတွင်း စိမ်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအရှိန်မြင့်တင်ပေးပြီး နိုးကြားတက် ကြွနေကာ ကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲသွားလိမ့်မယ်။

(၃) အတွေးလွန်ခြင်း

စိတ်ဖိစီးမှုများနေခြင်းကလည်း အိပ်ပျော်ဖို့ခက်ခဲစေတဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ များသော အားဖြင့် အိပ်ခါနီးအချိန်မှာ တစ်နေ့တာလုံးကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ စိတ်ကိုဝန်ထုပ်ဝန်ပိုးဖြစ်မယ့် အတွေး တွေကိုတွေးတက်ကြပါတယ်။ ဒါတွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတဲ့ အရာတွေဖြစ်တာကြောင့် အိပ်ခါနီးအချိန်မှာအတက်နိုင်ဆုံး မကောင်းတဲ့အတွေးတွေ စိတ်ဖိစီးစရာတွေရှင်းထုတ်ထားသင့်ပါတယ်။

(၄) ဖုန်းတွေအသုံးပြုခြင်း

ညဘက်အိပ်မပျော်တဲ့အခါ အများစုက ဖုန်းလေးတွေပွတ်ပြီး အိပ်ချင်လာအောင် လုပ်တက်ကြပါတယ်။ တကယ်တော့ ဖုန်းကထွက်တဲ့ ရောင်ခြည်တန်းတွေက သင့်ရဲ့ အိပ်ချင်စိတ်ကိုပိုပြီးတောင်အချိန်ကြာကြာဆွဲ ဆန့်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ယာထဲရောက်ပြီးမှ အိပ်မပျော်ဘူးဆိုရင် ဖုန်းတွေသုံးမယ့်အစား စာအုပ် တစ်အုပ်လောက်သာကောက်ကိုင်ပြီးဖတ်လိုက်ပါ။

(၅) အိပ်ချိန်နီးမှ လေ့ကျင့်ခန်းလုပ်ခြင်း

အိပ်ယာဝင်မယ့်အချိန်နဲ့နီးကပ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကိုပင်ပန်းစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်စေတယ်လို့ ထင်တက်ကြပါတယ်။ တကယ်တော့ အိပ်ချိန်နဲ့ နီးပြီးလေ့ကျင်ခန်းလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ကို ပိုပြီးတက်ကြွစေကာ အိပ်ပျော်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အနည်းဆုံး အိပ်ချိန်နဲ့ (၂) နာရီခန့်ခြားပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

Reference Source : Brightside