ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်တွေကို ပြောရမယ်ဆိုရင် နနွင်း Latte က ယနေ့အချိန်မှာ အလွန်လူကြိုက်များနေတဲ့ ဖျော်ရည်တစ်ခွက်ဖြစ်နေပါတယ်။ ဂျင်းအုပ်စုဝင်တစ်ခုဖြစ်တဲ့ နနွင်းဟာဆိုရင် အနာရောဂါကိုကုသနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပြီး မရေမတွက်နိုင်လောက်များပြားလှတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

ပြုလုပ်ရတာလွယ်ကူပြီး အရသာလည်းအင်မတန်ကောင်းမွန်တဲ့ ဒီဖျော်ရည်လေးကို ဘာလို့လူကြိုက်များနေရသလဲဆိုတာ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဦးနှောက်အလုပ်လုပ်မှုကိုတိုးမြှင့်ပေးခြင်း

နနွင်း Latte က မှတ်ဉာဏ်လုပ်ဆောင်နိုင်ရည်ကို မြှင့်တင်ပေးပြီး အယ်လ်ဇိုင်းမားရောဂါရန်မှ ကာကွယ်ပေးပါတယ်။ ဖျော်ရည်တွင်ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဆဲလ်အရင်းအမြစ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၂။ ကြွက်သားနာကျင်မှုကို သက်သာစေခြင်း

အနာရောဂါကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပြီး ကြွက်သားနာကျင်မှုကို သက်သာစေကာ အတွင်းဒဏ်ရာတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အာဟာရဓာတ်တွေအများကြီးပါဝင်လို့ လေ့ကျင့်ခန်းစတင်လုပ်ဆောင်သူများ သို့မဟုတ် gym သွားရမှာ ကြောက်သူများအတွက် အထူးကောင်းမွန်ပါတယ်။

၃။ ဆေးဖက်ဝင်အစွမ်းသတ္တိတွေပါဝင်ခြင်း

နနွင်းဟာ curcumin ဟုခေါ်သည့် anti-inflammatory ဒြပ်ပေါင်းကိုထုတ်လွှတ်ပေးပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ အူလှုပ်ရှားမှုကိုတိုးမြှင့်ပေးပြီး ကိုလက်စထရောပမာဏနှင့် သွေးဂလူးကို့စ်ကို ဟန်ချက်ညီစေပါတယ်။ ထိုမျှသာမက ကင်ဆာ၊ type 2 ဆီးချိုနှင့် စိတ်ကျရောဂါတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၄။ အသားအရေကိုချောမွေ့မှုရှိစေခြင်း

ကျန်းမာရေးအတွက်ကိုသာမက အလှအပအတွက်ပါ ကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။ နီရဲမှုတွေ၊ ဝက်ခြံပြဿနာတွေကို ကုသပေးနိုင်ပြီး အသားအရေယားယံမှုကိုပါ လျှော့ကျစေပါတယ်။ မှန်မှန်သောက်သုံးပေးမယ်ဆိုရင် အသားအရေပြဿနာတွေအကုန်လုံး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

၅။ ဘေးထွက်ဆိုးကျိုးမရှိခြင်း

နနွင်း Latte ဖျော်ရည်ဟာဆိုရင် အားသာချက်တွေအများကြီးရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေလုံးဝမရှိလို့ နာကျင်မှု၊ ဖျားနာမှုတွေ၊ အသားအရေပြဿနာတွေသာမက ညဖက်အိပ်မပျော်တာတွေအတွက်ပါ အကောင်းဆုံးအဖြေတစ်ခုဖြစ်ပါတယ်။ နနွင်း Latte တစ်ခွက်ကို ညအိပ်ရာမဝင်ခင် သောက်သုံးပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။