အရက်သောက်ခြင်းဟာ တစ်ချို့တလေအခြအနေများမှာ ကောင်းကျိုးတွေဖြစ်ထွန်းစေပေမယ့်လည်း ဆိုးကျိုးတွေဖြစ်တာကိုတော့ အများဆုံးတွေ့မြင်နေရပါတယ်။ ယနေ့အချိန်မှာဆိုရင် အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သောက်သုံးလာကြတာတွေ့နေရလို့ ဒီလိုဆိုးကျိုးလေးတွေသိထားမယ်ဆိုရင် ကြိုးစားပြီးရှောင်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ခံတွင်းလိုက်ပြီး ကိုယ်အလေးချိန်တက်စေခြင်း

အချို့အချိန်တွေမှာ ရရှိလာတဲ့ကယ်လိုရီတွေက လေ့ကျင့်ခန်းလုပ်ရင်းနဲ့ပြန်လည်လောင်ကျွမ်းစေနိုင်ပေမယ့် အရက်သောက်သုံးခြင်းမှ ရရှိတဲ့ကယ်လိုရီတွေကတော့ ရှိစမြဲရှိနေတာပါပဲ။ ဒါ့အပြင် အရက်သောက်သုံးခြင်းက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အမျိုးသမီးခန္ဓာကိုယ်အတွက် တုံ့ပြန်မှုမကောင်းခြင်း

အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ အရက်ကိုတုံ့ပြန်တာက ကွဲပြားကြပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် 61% ရှိနေချိန်မှာ အမျိုးသမီးတွေက 52% သာရှိလို့ ခန္ဓာကိုယ်အဆီတွေထပ်ပေါင်းစုသွားပြီး ပျော်ဝင်နိုင်တော့မည်မဟုတ်ပေ။

၃။ ရင်သားကင်ဆာဖြစ်လာနိုင်ခြင်း

စိတ်ဖိစီးမှုတွေကင်းရှင်းဖို့ အရက်သေစာသောက်စားကြပေမယ့်လည်း တကယ်တမ်းမှာ ဆိုးရွားတဲ့ပြဿနာတွေကိုပဲ ဖြစ်လာစေနိုင်ပါတယ်။ ရင်သားကင်ဆာလိုမျိုး ရောဂါကြီးကြီးမားမားကို ဖြစ်ပွားလာစေနိုင်ပြီး အမျိုးသမီးများ မြုံသွားသည်အထိ ဖြစ်သွားစေနိုင်ပါတယ်။

၄။ အမြဲပင်ပန်းနွမ်းနယ်စေခြင်း

ရောဂါတွေကို ဖြစ်လာနိုင်စေရုံသာမက မောပန်းနွမ်းနယ်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။ သေချာဂရုတစိုက်မရှိပါက ယီအရက်နာကျတာမှ အမြဲတစေဖြစ်သွားနိုင်ပြီး စိတ်ကျမှုပါ နောက်ဆက်တွဲပေါ်ပေါက်လာနိုင်ပါတယ်။

၅။ စိတ်အပြောင်းအလဲဖြစ်ခြင်း

အမျိုးသမီးတွေဟာ မကြာခဏစိတ်အပြောင်းအလဲဖြစ်တတ်ကြပြီး အရက်ကပိုဆိုးသွားစေနိုင်ပါတယ်။ မကြာခဏဖြစ်ပေါ်လာနိုင်ပြီး ပတ်ဝန်းကျင်ကလူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ရုံသာမက မိမိရဲ့ပေါင်းသင်းဆက်ဆံရေးအပေါ်ပါ သက်ရောက်လာနိုင်ပါတယ်။