ထောပတ်သီးဖျော်ရည်တော့ကြိုက်ကြပါတယ်။ ထောပတ်သီးက ကျန်းမာရေးကောင်းတာကိုး။ တစ်နေ့ထောပတ်သီးတစ်လုံး စားပေးရင် ကျန်းမာရေးအတွက် အရမ်းကောင်းတယ်လို့တောင် ကျန်းမာရေး ဆောင်းပါးတွေက အမျိုးမျိုးရေးပြနေကြတာ။ ဒါပေမယ့် လူတွေ သိပ်မသိကြတာတစ်ခုရှိတယ်။ ထောပတ်သီးအစေ့မှာလည်း အာနိသင်ရှိတယ်ဆိုတာကို သတိမထားမိပဲ အမြဲတမ်းလွှင့်ပစ်လာကြတာပဲ။

ထောပတ်သီးအစေ့ဟာ အာဟာရဓာတ်တွေကြွယ်ဝတဲ့အပြင် အပြင်ပိုင်းအသားထက် အစေ့က ပိုပြီး ကျန်းမာရေးကောင်းကျိုးများပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝတာဖြစ်တဲ့အတွက် တခြားအသီးတွေထက်တောင် ပမာဏများပါသေးတယ်။

ထောပတ်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေ သိကြပေမယ့် ထောပတ်သီးအစေ့ရဲ့ကောင်းကျိုးတွေမသိသေးရင် ပြောပြမယ်လေ။

၁။ ကင်ဆာရောဂါတိုက်ဖျက်ပေးတယ်။

ကင်ဆာရောဂါက လူ့ဘဝကို အဆုံးသတ်ပေးမယ့် ကြောက်စရာရောဂါတစ်ခုပါ။ ဒါပေမယ့်လည်း ၂၀၁၃ရဲ့စစ်တမ်းအရ ထောပတ်သီးအစေ့ကရတဲ့ အဆီအနှစ်က Leukemia လို့ခေါ်တဲ့ ကင်ဆာဆဲလ်တွေကို သေစေပြီး နဂိုသာမန်ဆဲလ်တွေကို ကျန်းမာစေပြီး တည်တံ့စေပါတယ်။ ဒါကြောင့်မို့လည်း ကင်ဆာရောဂါ ကာကွယ်ဖို့နဲ့ တိုက်ဖျက်ဖို့ ထောပတ်သီးအစေ့က အရေးကြီးတာပါ။

၂။နှလုံးရောဂါနဲ့ သွေးတိုးရောဂါကိုပါကာကွယ်ပေးတယ်။

ထောပတ်သီးအစေ့မှာ ကိုလက်စထရောဓာတ်နည်းစေတဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ ဒီ့အပြင် ကိုလက်စထရောများခြင်းနဲ့ သွေးတိုးခြင်းကိုပါ ကာကွယ်ပေးသေးပါတယ်။ အနာ၊ အဆစ်အမြစ် ဖောင်းရောင်ခြင်းနဲ့ ဆီးချိုရောဂါတွေကိုပါ တိုက်ဖျက်ပေးပါတယ်။

၃။ အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။

ထောပတ်သီးအစေ့ကို အစာအိမ်အနာ၊ အပြင်အထန်ဝမ်းလျောခြင်း စတဲ့ အစာခြေလမ်းကြောင်းဆိုင်ရာရောဂါတွေ ကုသဖို့အတွက်လည်း အသုံးပြုခဲ့ကြသေးပါတယ်။

၄။ရောဂါခုခံမှုစနစ်ကို အားဖြည့်ပေးတယ်။

ထောပတ်သီးအစေ့က ရောဂါခုခံမှုကို အားကောင်းစေပြီး အအေးမိခြင်း၊ တုပ်ကွေးရောဂါအပြင် အခြားရောဂါပေါင်းများစွာတွေကလည်း ကာကွယ်ပေးပါတယ်။

၅။ မျက်နှာပေါ်ကအရေးအကြောင်းတွေ သက်သာစေတယ်။

ထောပတ်သီးအစေ့က Collagen လို့ခေါ်တဲ့ ပရိုတင်းကြွယ်ဝတဲ့အရေပြားတစ်သျှူးတွေကို ဖြစ်ပေါ်စေတဲ့အတွက် အသားအရေကို တင်းရင်းစေပြီး အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။

ထောပတ်သီးအစေ့ရဲ့ကောင်းကျိုးတွေ သိရပြီဆိုတော့ ဘယ်လိုစားရမလဲဆိုတာပါ ပြောပြပေးမယ်နော်။

Avocado

-ထောပတ်သီးအစေ့ကို ၁၀မိနစ်လောက်ပြုတ်၊ ၅မိနစ်လောက်ထားပြီး အရည်ကိုသောက်ပေးနိုင်ပါတယ်။

-ထောပတ်သီးအစေ့ကို ကောင်းကောင်းကင်ပြီး ကော်ဖီကြိတ်စက်နဲ့ အမှုန့်ကြိတ်ပြီးလည်း စားသုံးလို့ရပါတယ်။

ထောပတ်သီးအစေ့ရဲ့ ကျန်းမာရေးအကျိုးတွေသိရပြီဆိုတော့ ပုံမှန်စားသုံးပေးခြင်းဖြင့် ရောဂါဘယတွေက ကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။