ရာသီဥတုအေးတဲ့အချိန်ကလွဲရင် ရေနွေးနဲ့ ရေချိုးခြင်းအလေ့အထကိုတော်တော်များများမေ့ထားလေ့ရှိပါတယ်။တကယ်တော့ ရေနွေးနဲ့ ရေချိုးခြင်းမှာ လူသိနည်းတဲ့ကျန်းမာရေးအကျိုး ကျေးဇူးတွေများစွာရှိပါတယ်။ဘယ်လိုကျန်းမာရေးအကျိုး ကျေးဇူးတွေရရှိနိုင်မလဲဆိုတာ သိချင်ရင်တော့ အောက်ကအချက်လေးတွေဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Parents

ဒီနေ့ဟာကိုယ့်အတွက် စိတ်ဖိစီးစရာကိစ္စတွေ အများဆုံးကြုံတွေ့ရတဲ့နေ့ဆိုရင်တော့ ရေခပ်နွေးနွေးလေးနဲ့သာရေချိုးချလိုက်ပါ။ရေနွေးနဲ့ ရေချိုးခြင်းက Oxytocin ဟော်မုန်းပမာဏကိုမြင့်တင်ပေးတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေပြီး ကောင်းမွန်တဲ့စိတ်ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

(၂) ရောဂါပိုးမွှားကင်းစင်စေတယ်

Source : myhealthystate.org

တစ်နေ့တာလုံးသွားလာလှုပ်ရှားထားတဲ့အတွက် ခန္ဓာကိုယ်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေအများကြီးကပ်ညှိနေ နိုင်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်နဲ့အရေပြားမှာကပ်ညှိနေတဲ့ မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေကိုသေစေပြီး သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းစေမှာဖြစ်ပါတယ်။

(၃) ညောင်းညာကိုက်ခဲမှုတွေကိုလျော့စေတယ်

Source : jointflex.com

ရေနွေးနဲ့ ရေချိုးပေးခြင်းက ခန္ဓာကိုယ်ရှိကြွက်သားများညောင်းညာကိုက်ခဲခြင်း အရိုးအဆစ်များနာကျင်ခြင်းကို လျော့ကျစေပါတယ်။ တစ်နေ့ကုန် အထိုင်များသူတွေ ကွန်ပြူတာအသုံးပြု သူတွေနဲ့ အားကစားသမားတွေအတွက်တော့ ရေနွေးနဲ့ ရေချိုးခြင်းက ညောင်းညာကိုက်ခဲမှုဝေဒနာတွေကို အကောင်းဆုံးလျော့ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) ကောင်းစွာအိပ်ပျော်စေတယ်

Source : Finder.com

ညဘက်တွေမှာကောင်းစွာအိပ်ပျော်ချင်တယ်ဆိုရင်တော့ ရေ နွေးနဲ့ ရေချိုးကြည့်ဖို့အကြံပြုချင်ပါတယ်။ရေနွေးနဲ့ ရေချိုးလိုက်ခြင်းအားဖြင့် သင့်ကိုမျက်စိတစ်မှိတ်အတွင်း အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်သလို နှစ်နှစ်ခြိုက်ခြိုက်လည်းအိပ်ပျော်စေပါတယ်။

(၅) ကိုယ်အလေးချိန်ကျစေတယ်

Source : makeupandbeauty.com

လေ့လာတွေ့ရှိချက်တွေအရ ရေနွေးနဲ့ တစ်ရက်ကို မိနစ် ၂၀ ခန့် ရေချိုးပေးခြင်းက တစ်လပြည့်တဲ့အခါ ကိုယ့်အလေးချိန် ၂ ပေါင်ခွဲခန့်ကျစေတယ်လို့ သိရပါတယ်။ ရေနွေးနဲ့ ရေချိုးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုလည်းလျော့ကျစေတာကြောင့် ဆီးချိုရောဂါဝေဒနာသည်တွေအနေနဲ့ ပြုလုပ်ပေးသင့်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။