အကြောပြတ်ရာတွေက များသောအားဖြင့် ကိုယ်ဝန်ဆောင်သည်များနဲ့ ဆက်စပ်နေပေမယ့်လည်း ကိုယ်အလေးချိန်အတက်အကျ၊ အလေးချိန်မခြင်း သို့မဟုတ် ဟော်မုန်းမညီမမျှဖြစ်ခြင်း၊ အချို့သောရောဂါများ စတဲ့ ကိစ္စအခြေအနေများ ပေါ်လာပြီဆိုရင်တော့ ဖြစ်ပွားလာနိုင်ပါတယ်။

ဒီလိုအရာတွေက သူ့ဘာသာ ပျောက်ကင်းသွားဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ထိုအကြောပြတ်ရာတွေကို မြန်မြန်မှေးမှိန်သွားစေမယ့် နည်းလမ်းကောင်းလေးတွေတော့ ရှိတဲ့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေများများသောက်ပါ

ရေဓာတ်အပြည့်ရှိနေဖို့က အလွန်အရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်သောက်မယ်ဆိုရင် အသားအရေက နူးညံ့အိစက်ပြီး တင်းတင်းရင်းရင်းရှိနေမှာပါ။ ရေက အသားအရေကိုစိုပြေမှုရှိစေတာကြောင့် အကြောပြတ်ရာတွေ၊ အမာရွတ်တွေ၊ အရေးကြောင်းတွေ ပေါ်ပေါက်လာမှုကို တားဆီးနိုင်ပါတယ်။

၂။ သံပုယိုရည်လိမ်းပေးပါ

ဗီတာမင်စီက Collagen ပေါက်ဖွားမှုကို မြှင့်တင်ပေးတာကြောင့် အသားအရေကို တင်းတင်းရင်းရင်းရှိစေပါတယ်။ အက်စစ်ဓာတ်လည်းပါဝင်သည့်အတွက် အသားအရေရှိဆဲလ်သေများကိုလည်း မြန်မြန်ဆန်ဆန်ဖယ်ရှားပေးနိုင်ပါတယ်။

သံပုယိုရည်ကို အကြောပြတ်ရာများပေါ်တွင် လိမ်းပေးပြီး ၁၀မိနစ်ထားကာ ရေနွေးနွေးနဲ့ သန့်စင်ပေးပါ။

၃။ ရှားစောင်းလက်ပတ်အသုံးပြုပါ

သဘာဝဆေးစွမ်းကောင်းတစ်ခုဖြစ်တဲ့ ရှားစောင်းလက်ပတ်ကလည်း အသားအရေရှိ ဆဲလ်သေများကို ပြုပြင်ပေးပြီး အသားအရေတစ်သျှူးများကို ပြန်လည်စုစည်းပေးပါ။ Collagen လည်းကြွယ်ဝသောကြောင့် အသားအရေကို နူးညံ့မှုရှိစေကာ တင်းတင်းရင်းရင်းလေးရှိနေစေမှာပါ။

ရှားစောင်းလက်ပတ်အနှစ်အနည်းငယ်ကို အကြောပြတ်ရာများအပေါ်လိမ်းခြယ်ကာ ၁၀-၁၅ မိနစ်ထားပေးပြီး ရေနွေးနွေးလေးနဲ့ ဆေးကြောပစ်ပါ။

၄။ ကြက်ဆူဆီပွတ်လိမ်းပါ

ဖက်တီးအက်စစ် အလွန်ကြွယ်ဝတာကြောင့် အစိုဓာတ်ထိန်းသိမ်းပေးသည့် အကောင်းဆုံးအရာတစ်ခုအဖြစ် စွမ်းဆောင်နိုင်ပါတယ်။

ကြက်ဆူဆီနဲ့ အကြောပြတ်ရာများပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ပလတ်စတစ်အရွက် ဖုံးအုပ်ကာ မိနစ် ၂၀-၃၀ ထားပြီးရင် အပေါ်မှ ရေပူထည့်ထားသည့် တစ်ခုခုကပ်ပေးပါ။ တပတ်ကြာပြုလုပ်ပြီးရင် သိသာတဲ့ရလဒ်ကောင်းတွေကို တွေ့မြင်နိုင်မှာပါ။

၅။ သကြားနဲ့ ဂျီးချွတ်ပါ

သကြား ခွက်တစ်ခွက်ရဲ့ နှစ်ပုံတစ်ပုံကို ရေနဲ့ရောပြီး ပျစ်အောင်မွှေပေးပါ။ နှိပ်နယ်သလို ပုံစံမျိုးဖြင့် အကြောပြတ်ရာများရှိသည့်အပေါ်မှာ ပွတ်လိမ်းပေးပါ။ ၂-၃ မိနစ်ထားပြီးရင် ရေနဲ့သန့်စင်ပါ။ တပတ်လျှင် ၂ ကြိမ် သို့မဟုတ် သုံးကြိမ်လုပ်ဆောင်ပါ။

Source: BrightSide