သင့်အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ ရေချိုးနေစဉ်မှာ သင်အမြဲလိုလို လုပ်မိတဲ့အမှားတွေကို မျှဝေပေးချင်ပါတယ်။

၁။ အရမ်းပူတဲ့ရေနဲ့ ချိုးခြင်း

ရေချိုးတဲ့အခါမှာ ရေအရမ်းပူတာနဲ့ ချိုးတာမျိုး မလုပ်သင့်ပါဘူး။ ရေအရမ်းပူတာနဲ့ ချိုးတဲ့အခါ သင့်အသားအရေကို ခြောက်သွေ့စေပြီး အဆီပြန်စေပါတယ်။

၂။ ရေအကြာကြီးချိုးခြင်း

တချို့ဆိုရင် ရေချိုးတာ အရမ်းကြာတာ တွေ့ဖူးကြမှာပါ။ ရေအကြာကြီးချိုးတာဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ရေချိုးရင် အများဆုံး ၁၀ မိနစ်ထက် မပိုသင့်ပါဘူး။

၃။ ရေချိုးဆပ်ပြာခဏခဏ သုံးခြင်း

ရေချိုးနေစဉ် ရေချိုးဆပ်ပြာကို ၂ ခါ ၃ ခါလောက်တိုက်တာဟာ သင့်အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ ရေချိုးဆပ်ပြာကို အနည်းငယ်နဲ့ သေချာသုံးသင့်ပါတယ်။

၄။ ရေစိုတာကို အရမ်းခြောက်အောင်သုတ်ခြင်း

ရေချိုးပြီးလို့ တဘက်သုတ်တဲ့အခါ အရမ်းခြောက်နေအောင်သုတ်ပေးတာထက် နည်းနည်းလေး စိုစိုပြေပြေ ဖြစ်အောင် သုတ်ပေးပါ။ ပြီးရင် Lotion လိမ်းပေးပါ။ အဲလိုလုပ်ပေးရင် သင့်အသားအရေကို စိုပြေစေပါတယ်။

၅။ ရေစိုနေတဲ့ ရေမြုပ်သုံးခြင်း

ရေချိုးဆပ်ပြာတိုက်တဲ့ ရေမြုပ်ကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်အောင်ထားသင့်ပါတယ်။ ရေချိုးခန်းထဲမှာပဲထားပြီး စိုစိစိဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး။