အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလိုပဲ ကျန်းမာရေးအတွက် အစာ အာဟာရဓာတ်ကို သင့်တင့်မျှတအောင် စားဖို့လိုအပ်ပါတယ်။ ရေလုံလုံလောက်လောက်သောက်တာကလည်း သင့်ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း သန့်စင်ဖို့အတွက် အရေးကြီးသလို သင်စားမယ့်အစားအစာကလည်း အရေးပါပါတယ်။

အူမကြီးကတော့ သင့်ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အူကို သန့်ပေးဖို့လိုပါတယ်။

ဘယ်လိုအစားအစာတွေစားပြီး အူကို သန့်စင်ပေးမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

၁။ ပန်းသီး

Source: Toronto Star

ပန်းသီးဟာ အူ သန့်စင်ပေးတဲ့ အကောင်းဆုံး အစားအစာတစ်မျိုးဖြစ်ပါတယ်။ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေသလို၊ ဝမ်းလျှောတာကိုပါသက်သာစေပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

၂။ တရုတ်နံနံပင်

Source: The New Times | Rwanda

တရုတ်နံနံပင်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်သလို၊ ဗီတာမင် A, B, C ပါဝင်တဲ့အပြင် ပိုတက်စီယမ်၊ Phosphorus, ကယ်လ်ဆီယမ် နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုက်ဖြစ်ပါတယ်။ အူကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

၃။ သင်္ဘောသီး

Source: Healthline

သင်္ဘောသီးက သကြားဓာတ်၊ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေသလို အူမကြီးလည်း ကျန်းမာစေပါတယ်။

သင်္ဘောသီး တစ်ခြမ်း၊ ဒိန်ချဉ် ၁ ခွက် နဲ့ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း သေချာ ရောဖျော်ပြီး သောက်ပေးလို့ရပါတယ်။

၄။ ရေ

ရေကို အစားအစာလို့ မဆိုနိုင်ပေမယ့် သင့် အူမကြီးကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သလို ခန္ဓာကိုယ်အတက်လည်းကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားနိုင်ပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ တစ်နေ့ကို ရေ အနည်းဆုံး ၈ ခွက်သောက်ပေးပါ။

၅။ ထောပတ်သီး

Source: Reader’s Digest

ထောပတ်သီးမှာ ဗီတာမင် K, Folic Acid, ဗီတာမင် B နဲ့ Omega 3 ပါဝင်လို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်ကို သန့်စင်ပေးရုံသာမက အူမကြီးကိုပါကျန်းမာစေပါတယ်။

ထောပတ်သီးကို သကြားနဲ့စားတာထက် ဒီအတိုင်းစားရင် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်နော်။