ယူအက်စ်မှအမျိုးသမီးများကတစ်လလျှင် ၃.၅ ကြိမ်ငိုကြွေးကြပါသတဲ့။ ငိုခြင်းကို အားနည်းခြင်းလက္ခဏာအဖြစ် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းက မြင်လေ့ရှိပါတယ်။ သို့ပေမယ့် သင်ငိုချင်တယ်လို့ခံစားရရင် သင်ရဲ့မျက်ရည်မထိန်းထားပါနဲ့။ ငိုချလိုက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ထင်ထားတာထက် ကျန်းမာရေးအကျိုးကျေးဇူးတွေပိုရစေတဲအတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါကနေ ငိုခြင်းက တစ်ချို့သောကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။စိတ်ဖိစီးမှု

၂၀၁၄ ခုနှစ်လေ့လာမှုတစ်ခုအရငိုယိုခြင်းက လူတွေရဲ့စိတ်ဖိစီးမှုဖြစ်စေတာကို သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ငိုရခြင်း၏ရလဒ်သည်ချက်ချင်းမဖြစ်ပေါ်ပါဘူး။ ငိုယိုပြီးမိနစ်အနည်းငယ်အကြာမှ ခန္ဓာကိုယ်စိတ်ဖြေလျှော့မှုကို ဖြစ်စေတာပါ။သုတေသီများအဆိုအရ ငိုခြင်းက parasympathetic အာရုံကြောစနစ် (PNS) ကိုလှုံ့ဆော်ပေးတာဖြစ်ပြီး PNS က ဦးနှောက်ကိုအေးဆေးတည်ငြိမ်စေအောင်ပြုလုပ်ပေးတာဖြစ်တယ်။


၂။သွေးပေါင်ချိန်

လ်စ္လ်ဴမရႈ သင့္တဲ့ ေသြးတိုးတဲ့ လကၡဏာမ်ား

သွေးပေါင်ချိန်မြင့်ခြင်းက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးအမောဖောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။သို့ပေမယ့် သတင်းကောင်းမှာ လေ့လာမှုများစွာအရ
ငိုခြင်းက သွေးပေါင်ချိန်ကိုကျဆင်းစေပြီး ပြင်းထန်သောငိုယိုခြင်းကလည်း သွေးခုန်နှုန်းကိုတည်ငြိမ်စေပါတယ်။

၃။အဆိပ်အတောက်များဖယ်ရှားပေးခြင်း

သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ကောင်းကောင်းမဖယ်ရှားနိုင်သေးတဲ့ လက္ခဏာများ

ငိုနေစဉ် စီးကျလာတဲ့မျက်ရည်များက မီးခိုးများနှင့်ဖုန်များကဲ့သို့သော အပျက်အစီးများကို မျက်စိမှဖယ်ရှားနိုင်စွမ်းရှိတယ်။ဒါ့အပြင် ကျွန်ုပ်တို့ငိုတဲ့အခါ စိတ်ဖိစီးမှုများကြောင့်ကိုယ်ခန္ဓာအတွင်းစုဆောင်းမိသောအဆိပ်များလည်းကျွန်ုပ်တို့၏မျက်ရည်များမှတဆင့်စီးကျလာပါတယ်။ အဲဒီအဆိပ်အတောက်များကိုဖယ်ရှားခြင်းက ကိုယ်ခန္ဓာရှိ cortisol ပမာဏကိုလျှော့ချပေးပြီးပိုမိုပေါ့ပါးသောစိတ်ကိုရရှိစေပါတယ်။ဒါကြောင့်ငိုယိုပြီးတဲ့နောက် စိတ်ပေါ့ပါးသွားတာကို မကြာခဏ ခံစားရတာ အံ့သြစရာတော့မဟုတ်ပါဘူး။

၄။စိတ်ပူပန်ရန်လိုမှု

အကယ်လို့သင်ရဲ့စိတ်ထဲမှာ ရန်လိုမှုတွေ၊ စိတ်ပူပန်နေမှုတွေ နဲ့ စိတ်အနှောင့်အယှက်ဖြစ်နေတာကို ဘာကြောင့်လဲဆိုတာကို သင်စဉ်းစားနေပါက ပြတ်သားတိကျသောအဖြေမရနိုင်ဘူးဆိုတာ သင်သိထားသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အကြောင်းပြချက်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သောအကြောင်းပြချက်တစ်ခုမှာခန္ဓာကိုယ်အတွင်းရှိမန်းဂနိစ်များစုဆောင်းခြင်းကြောင့်သာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ငိုတဲ့အခါ ဒီမန်းဂနိစ်တွေက ကျွန်တော်တို့ရဲ့မျက်ရည်များနှင့်အတူ ခန္ဓာကိုယ်ထဲကနေ စီးဆင်းသွားပါတယ်။၎င်းကခန္ဓာကိုယ်အတွင်းရှိ အာရုံစူးစိုက်မှုကိုလျော့နည်းစေပြီး သင့်အားတည်ငြိမ်မှုကိုခံစားရစေပါတယ်။

၅။နာကျင်မှု

ကျွန်ုပ်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုခံစားရသောအခါမျက်ရည်အနည်းငယ်က မလိုအပ်ဘဲထွက်ကျလာတတ်ပါတယ်။ ထိုအရာက နာကျင်မှုအာရုံကိုလျှော့ချစေတဲ့ ခန္ဓာကိုယ်ရဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ သုတေသနတွေ့ရှိချက်များအရ မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်ခြင်းနှင့်အတူစိတ်လှုပ်ရှားမှုမျက်ရည်ကျခြင်းက oxytocin နှင့် endorphins တို့ကိုထုတ်လွှတ်ပေးပါတယ်။အဲဒီဓာတုဓါတ်များကလူကိုကျန်းမာစေပြီးရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုသက်သာစေနိုင်ပါတယ်။

နာကျင်မှုနှင့်ပျော်ရွှင်မှုကြောင့်မျက်ရည်များကျနိုင်တယ်ဆိုတာကိုသတိရပါ။ သင်မကြာခဏငိုပါသလား?ထို့နောက်သက်သာရာရပါသလား?