အိမ်ရဲ့မီးဖိုချောင်တိုင်းမှာ မရှိမဖြစ် အရေးပါလွန်းတဲ့နနွင်းမှာ ကျန်းမာရေးအတွက် အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။ ကင်ဆာ၊ နှလုံးရောဂါနဲ့  ချောင်းဆိုးခြင်းအပါအဝင် ဖျားနာမှုတွေကို သက်သာ စေနိုင်တဲ့ အစွမ်းထက်တဲ့ ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဟင်းတွေကို အနံ့အရသာ ပိုကောင်းမွန်စေဖို့အတွက် သာမက ကျန်းမာရေးအတွက် အစွမ်းထက်လွန်းတဲ့ နနွင်းရဲ့အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

အသားအရေ

နနွင်းဟာ ဟင်းအရသာကို မြှင့်တင်ပေးပြီး အစာချေဖျက်မှုကို လွယ်ကူစေပါတယ်။ နနွင်းပါတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်ကို ညစ်ညမ်းစေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ကူညီပေးတဲ့အပြင် အသားအရေကို ကျန်းမာတောက်ပစေပါတယ်။

Antioxidant

နနွင်းကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ နနွင်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းကနေ အပြင်ကို အကျိုးပြုတဲ့ အစွမ်းထက် antioxidant တစ်မျိုးပါ။

ရောင်ရမ်းမှု

ရောင်ရမ်းမှုကို လျှော့ချဖို့ နနွင်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုရခြင်းရဲ့အချက်က ရောင်ရမ်းမှုသက်သာစေတဲ့ Curcumin က နနွင်းမှာ ပါဝင်နေလို့ပါ။

လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း

နနွင်းဟာ အရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့အပြင် နနွင်းဟာ အစွမ်းထက်တဲ့ ဟင်းခတ်အမွှေးအကြိုင်လည်းဖြစ်တာကြောင့် ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။

Infection

နနွင်းဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစု ဖြစ်တတ်တဲ့ ရောဂါအသေးလေးတွေမှာ နနွင်းနဲ့နို့ရောသောက်ပေးရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။