အလုပ်တွေပင်ပန်းပြီး စိတ်ဓာတ်မကြာခဏကျဖူးကြမှာပါ။ စိတ်ဓာတ်ကျတဲ့အခါ စိတ်ရောကိုယ်ပါမလန်းတော့တာကြောင့် လူမှုရေးမှာရော၊ လုပ်ငန်းခွင်မှာပါ အခက်အခဲတွေရှိလာနိုင်ပါတယ်။ တစ်ခါတစ်လေစိတ်ဓာတ်ကျတာကြောင့် ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေ၊ ယောဂတွေကျင့်ရင် စိတ်ဓာတ်ကျခြင်းက သက်သာစေတာလူတိုင်းလိုလိုသိကြပေမယ့် အဲ့ဒီ့ထက်ကောင်းတဲ့နည်းရော သိချင်ကြမှာပါ။ ဟုတ်ပါတယ်။ ဒီအစားအစာ (၆)မျိုးက စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတယ်လို့ မှတ်တမ်းတွေကဖော်ပြထားပါတယ်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးမှာ Tryptophan ကြွယ်ဝပြီး မကြာမီဦးနှော်က်က 5-HTP အသွင်ပြောင်းပစ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ 5-HTP က စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့ Serotonin နဲ့ Melatonin နှစ်မျိုးအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီ့အပြင် ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြွယ်ဝတဲ့အတွက် တစ်နေ့ (၂)လုံးစားပေးသင့်ပါတယ်။

၂။ဗာဒံစေ့

မဂ္ဂနီစီယမ်က မူးဝေအော့အန်ခြင်းနှ်င့် စိတ်ဖိစီးမှုအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ ဗာဒံစေ့ (၁၀၀)ဂရမ်မှာ မဂ္ဂနီစီမယ် (၂၆၈) မီလီဂရမ်လောက်ပါဝင်ပါတယ်။ တစ်နေ့ကို ဗာဒံစေ့လက်တစ်ဆုပ်စာလောက်စားပေးသင့်ပါတယ်။

၃။ထောပတ်သီး

ထောပတ်သီးဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။ ဒါကြောင့်မို့လို့ ထောပတ်သီးကို သွားရည်စာအနေနဲ့လည်းမကြာခဏစားပေးသင့်ပါတယ်။

၄။ကညွတ်

ကညွတ်မှာ ဖောလစ်အက်စစ်နဲ့ ဗီတာမင် B ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ Tryptophanမှ စိတ်ဖိစီးမှုကို သက်သာစေတဲ့ serotonin အဖြစ် ပြောင်းလဲမှုကို ထောက်ပံ့ပေးပါတယ်။

၅။ဟင်းနုနယ်ရွက်

အခြားသော အစိမ်းရင့်ရောင်အရွက်တွေထက် ဟင်းနုနယ်ရွက်မှာ စိတ်ကျလွယ်သူတွေအတွက် လိုအပ်တဲ့ ဖောလစ်အက်စစ်ဓာတ်ပိုကြွယ်ဝပါတယ်။ဒီ့အပြင် ဟင်းနုနယ်ရွက်မှာ မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသေးတာကြောင့် စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးတဲ့ အာနိသင်ပါဝင်ပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဒီအစားအစာတွေကို ထပ်တိုးစားပေးခြင်းဖြင့် တက်ကြွလန်းဆန်းပြီး ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်နိုင်ကြပါစေ။