ကိုယ့်ရဲ့ခန္ဓာကိုယ်မှ ထွက်တဲ့အနံ့ကြောင့် လူအများကြားသွားလာရမှာကို စိတ်မသက်မသာဖြစ်နေပါသလား။ ဒီလိုမျိုး ကိုယ်သင်းနံ့ဆိုးရွားတာဟာ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို ကိုယ်စားသုံးလိုက်တဲ့ အစားအစာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်သင်းနံ့ကို သက်ရောက်စေနိုင်တဲ့ ဘယ်အစားအစာက ကိုယ့်အတွက် ကောင်းကျိုးပေးနိုင်သလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ရေ နှင့် ဘီယာ

ရေသောက်ခြင်းက ကိုယ်နံ့ဆိုးရွားစေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားဖို့ကူညီပေးပေမယ့်လည်း ဘီယာကိုသောက်ခြင်းက ကိုယ်သင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။

ဒိန်ချဉ် နှင့် နို့

ဒိန်ချဉ်တွင်ပါဝင်သည့် ဗီတာမင်ဒီက ပါးစပ်အတွင်းမှ ဘတ်တီးရီးယားများကို တိုက်ထုတ်ပေးပြီး ခံတွင်းနံ့ဆိုးရွားမှုကို လျော့ကျစေပါတယ်။ သို့သော်လည်း နို့တွင်ပါဝင်သည့် Choline က နှစ်မြို့ဖွယ်မကောင်းသော ကိုယ်နံ့ကို ဖြစ်စေနိုင်ပါတယ်။

သံပုယိုရည် နှင့် ဝိုင်

ဝိုင်ကိုသောက်ပြီး ညနေခင်းတွေမှာ အပန်းဖြေတာက ကောင်းတဲ့နည်းလမ်းတစ်ခုဆိုပေမယ့်လည်း အရက်သောက်သုံးပြီးနောက် အရက်နာကျရုံသာမက နောက်တနေ့မှာ ခန္ဓာကိုယ်တစ်ခုလုံး အရက်နံ့တွေစွဲကျန်နေမှာပါ။

သံပုယိုရည်ကို ရေနဲ့ရောပြီး သောက်သုံးပေးခြင်းက ကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။

ပန်းသီး နှင့် ပန်းဂေါ်ဖီ

ပန်းသီးတွင်ပါဝင်သည့် သဘာ၀ Detergent အစွမ်းသတ္တိများကြောင့် ခံတွင်းနံ့ဆိုးရွားမှုကို ကူညီပေးနိုင်ပေမယ့်လည်း ပန်းဂေါ်ဖီတွင်တော့ Choline ပါဝင်တာကြောင့် ကိုယ်နံ့ကို ဆိုးရွားစေပါတယ်။

လိမ္မော်သီး နှင့် ရွှေဖရုံသီး

အချဉ်ဓာတ်ရှိသည့် အသီးများဟာ ရနံ့သင်းပြီး ခန္ဓာကိုယ်မှ အလွယ်တကူ စုပ်ယူနိုင်တာကြောင့် ကိုယ်သင်းနံ့ကို မြှင့်တင်ပေးနိုင်ပါတယ်။ တဖက်မှာတော့ ရွှေဖရုံသီးတွင် Choline ဓာတ်ကြောင့် ကိုယ်သင်းနံ့ကို ဆိုးရွားလာစေနိုင်ပါတယ်။

Source: BrightSide