အသည်းကျန်းမာရေးဟာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အသည်းကျန်းမာရေးအတွက် သဘာဝအတိုင်း သန့်စင်ပေးလို့ရပါတယ်။

၁။သင်္ဘောသီး

Papaya-500x318

သင်္ဘောသီးဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ အသည်းကို သန့်စင်ပေးပြီး အသည်းရဲ့လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

အသီးကိုသာမက အစေ့ကိုလည်းစားနိုင်ပါတယ်။ သင်္ဘောစေ့ အစေ့ ၂၀ ကို ကြိတ်ပြီး သံပုယိုရည် (သို့) နို့ထဲ ရောထည့်ကာ သောက်သုံးနိုင်ပါတယ်။ အဲဒီလိုသောက်ပေးမယ်ဆိုရင် သွေးကြောနဲ့ အသည်းကို သန့်စင်ပေးနိုင်ပါတယ်။

၂။အိန္ဒိယဇီးဖြူသီး

အိန္ဒိယဇီးဖြူသီးဟာလည်း သင့်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အသည်းအဆီဖုံးတာကို သက်သာစေပါတယ်။ အစိမ်းလိုက်စားတာအကောင်းဆုံးဖြစ်ပြီး သုပ်စားနိုင်သလို ဒိန်ချဉ်နဲ့ လည်း တွဲစားနိုင်ပါတယ်။

၃။ သံပုယိုသီး

သံပုယိုသီးမှာ ဗီတာမင် C, Flavonoids, Malic နဲ့ Essential Oils တွေပါဝင်ပြီး အစာချေစနစ်နဲ့ အသည်းကို ကျန်းမာစေပါတယ်။ သံပုယိုရည်တစ်ခွက်ကို သကြားမထည့်ဘဲ သောက်ပေးခြင်းဖြင့် အသည်းအဆီဖုံးတာကို ကာကွယ်နိုင်ပါတယ်။ သောက်ပြီးရင် သွားကြွေလွှာလေးတွေ မပျက်စီးစေဖို့ ပလုတ်ကျင်းပေးလိုက်ပါ။

၄။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်နော်။ ခန္ဓာကိုယ်အတွင်း PH Level ကို မျှတစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင် သတ္တုဓာတ်နဲ့ Essential Oil တွေပါဝင်လို့ ကျောက်ကပ်ကိုလည်း ကျန်းမာစေသလို၊ ဝမ်းချုပ်တာကိုလည်းသက်သာစေပါတယ်။ အသည်းဆိုင်ရာ ပြဿနာအမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။

တစ်နေ့ကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းဆီသောက်ပေးပါ။ ပန်းသီရှာလကာရည်ချည်းပဲသောက်ပေးနိုင်သလို ရေနဲ့ရောပြီးလည်းသောက်နိုင်ပါတယ်။

၅။ Green tea

Green Tea ဟာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး Free Radical ကြောင့် ခန္ဓာကိုယ်အတွင်း ဆဲလ်တွေထိခိုက်ပျက်စီးခြင်းကိုကာကွယ်ပေးပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၁၀ ခွက်ထက်ပိုပြီးမသောက်သင့်ပါဘူး။