နို့တိုက်မိခင်တွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုမှီဝဲသင့်သလို သာမန်ထက် ကယ်လိုရီစားသုံးနှုန်းမြှင့်တင်ပေးဖို့လည်းလိုပါတယ်။ တစ်နေ့ကို ၄၅၀ကနေ ၅၀၀ကယ်လိုရီထိစားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လည်း ပရိုတင်း၊ ရေ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ နို့ထွက်ပစ္စည်း စတဲ့အစာအာဟာရအားလုံးကို မျှမျှတတစားသုံးပေးဖို့အရေးကြီးပါတယ်။

အထူးသဖြင့် ဒီအစားအစာ (၆) မျိုးကတော့ နို့တိုက်မိခင်တွေအတွက် အကောင်းတကာ့အကောင်းဆုံးအစားအစာတွေပါ။

၁။ Omega 3 ကြွယ်ဝစာများ

လူ့ခန္ဓာကိုယ်က Omega 3 အဆီအက်စစ်ကို ကိုယ်တိုင်ထုတ်မလုပ်ပေးနိုင်လို့ တခြားအစားအစာတွေဆီကမှီဝဲရပါတယ်။ Omega 3 က မိခင်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ကလေးငယ်ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါတိုးတက်စေတယ်လို့ လေ့လောမှုတွေကဖော်ပြနေပါတယ်။ Omega 3ကြွယ်ဝတဲ့ ဆာလမွန်ငါး၊ တူနာငါးတွေကိုဖြည့်စွက်စားသုံးပေးနိုင်သလို ငါးကြီးဆီသောက်ပေးလည်းရပါတယ်။ တစ်နေ့ကို ၃၀၀ mg မှီဝဲပေးသင့်ပါတယ်။

၂။ စတော်ဘယ်ရီ

စတော်ဘယ်ရီတစ်ဘူးစာက ၅၀ ကယ်လိုရီပဲပါဝင်ပေမယ့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် Cရဲ့ ၁၅၀ရာခိုင်နှုန်းပါဝင်တဲ့အပြင် တချို့မိခင်တွေအတွက်အရေးပါတဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

၃။ ဟင်းနုနွယ်ရွက်

Folate၊ ကယ်လ်စီယံ၊ သံဓာတ်နဲ့ ဗီတာမင် Kဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ရွက်ဟာ မိခင်ရော ကလေးအတွက်ပါကျန်းမာစေပါတယ်။ ဒါပေမယ့် ဟင်းနုနွယ်ရွက်ကို မကျက်တကျက်အစိမ်းစားတာက ချက်ပြုတ်ပြီးစားတာက ဘေးဘယကင်းပါတယ်။

၄။ အုန်းရည်

နို့တိုက်တဲ့အခါ ရေဓာတ်ခမ်းခြောက်စေတဲ့အတွက် ရေဓာတ်ပိုမိုရရှိဖို့လိုအပ်ပါတယ်။ ရေ (သို့) အုန်းရည်များများသောက်ပေးပါ။ အုန်းရည်မှာ မဂ္ဂနီစီယမ်နဲ့ Antioxidants တွေကြွယ်ဝတဲ့အတွက် ကျန်းမာစေပါတယ်။

၅။နို့

နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D က ကလေးရောမိခင်ရဲ့ အရိုးနဲ့သွားတွေကိုခိုင်မာစေပါတယ်။ ဒီ့အပြင်နို့ရေဓာတ်ကြွယ်ဝစေပြီး ပရိုတင်းဓာတ်ပါကြွယ်ဝစေတဲ့အတွက် နေ့တိုင်းနွားနို့တစ်ခွက်သောက်ပေးသင့်ပါတယ်။