(Unicode)

သင်ဟာ အမြန်စားအစားအစာမစားဘူး ချိုချဉ်တွေမစားဘူး ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်ဆိုပေမယ့် ကိုယ်အလေးချိန်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ သင့်မှာအခုဖော်ပြမယ့် အကျင့် (၅) ခုရှိမရှိဆိုတာကို လေ့လာကြည့်ရအောင်ပါ။

၁။ အိပ်ချိန်များခြင်း

အိပ်ချိန်နည်းနည်းပဲရှိတာဟာ သင့်ခန္ဓာကိုယ်အတွက်မကောင်းသလို အိပ်ချိန်များလွန်းတာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။ တစ်နေ့ကို ၁၀ နာရီထက်ပိုပြီးအိပ်ရင် အဲဒီလိုဖြစ်တတ်တာမို့ အနည်းဆုံး ၇ နာရီနဲ့ အများဆုံး ၉ နာရီထိသာအိပ်တတ်ပါတယ်။

၂။ ရေမသောက်ခြင်း

မနက်အိပ်ယာနိုးနိုးချင်း ရေသောက်ပေးသင့်တယ်ဆိုတာ လူတိုင်းသိပေမယ့် လူတိုင်း သောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေများများမသောက်တာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။မနက်ဖက်မှာ ရေသောက်ပေးရင် အညစ်အကြေးစွန့်ပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။ ဒါ့အပြင် အစားအများကြီးစားမိခြင်းကိုလျှော့ချပေးပြီး ရေသောက်တာဟာ ကိုယ်အလေးချိန်လျှော့ချစေဖို့ အကူအညီဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေသောက်ပေးပါ။

၃။ သင့်ရဲ့ ကိုယ်အလေးချိန်အကြောင်း သင်မေ့နေခြင်း

သင်စားမယ့်အချိန်သောက်မယ့်အချိန်၊ သင်ဘာပဲလုပ်လုပ် သင့်ရဲ့ ကိုယ်အလေးချိန်အကြောင်းကို သေချာနားလည်ထားသင့်ပါတယ်။ အာဟာရဓာတ်သင့်တင့်မျှတအောင်စားသုံးဖို့လိုအပ်ပါတယ်။

၄။ မနက်စာနည်းနည်းပဲစားခြင်း

သုတေသနပြုချက်အရ မနက်စာနည်းနည်းပဲစားတာဟာ တစ်နေ့တာလုံးအတွက် အားအင်ချည့်နှဲ့စေပြီး အစားများများစားမိတာ၊ အသင့်စားအစားအစာ စားမိတာမျိုးဖြစ်စေလို့ မနက်စာကို အာဟာရဓာတ် ပြည့်ပြည့်၀၀ စားပေးဖို့လိုအပ်ပါတယ်။

၅။ မနက်စာမစားခြင်း

ဘာဆိုင်လို့လဲလို့ တွေးမိချင်တွေးမိမှာဖြစ်ပေမယ့် မနက်စာမစားတာဟာ ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်နေပါတယ်။ မနက်စာမစားဘဲနေမယ်ဆိုရင် စောစောကပြောခဲ့သလိုပဲ အမြန်စားအစားအစာကို ရွေးချယ်စားသုံးမိမှာဖြစ်သလို၊ စိတ်လည်းကြည်မှာမဟုတ်ပါဘူး။

(Zawgyi)

သင္ဟာ အျမန္စားအစားအစာမစားဘူး ခ်ိဳခ်ဥ္ေတြမစားဘူး ပံုမွန္ေလ့က်င့္ခန္းလုပ္တယ္ဆိုေပမယ့္ ကိုယ္အေလးခ်ိန္မက်ဘူးျဖစ္ေနလား။ ဒါဆိုရင္ေတာ့ သင့္မွာအခုေဖာ္ျပမယ့္ အက်င့္ (၅) ခုရွိမရွိဆိုတာကို ေလ့လာၾကည့္ရေအာင္ပါ။

၁။ အိပ္ခ်ိန္မ်ားျခင္း

အိပ္ခ်ိန္နည္းနည္းပဲရွိတာဟာ သင့္ခႏၶာကိုယ္အတြက္မေကာင္းသလို အိပ္ခ်ိန္မ်ားလြန္းတာဟာလည္း ကိုယ္အေလးခ်ိန္တက္ေစပါတယ္။ တစ္ေန႔ကို ၁၀ နာရီထက္ပိုၿပီးအိပ္ရင္ အဲဒီလိုျဖစ္တတ္တာမို႔ အနည္းဆံုး ၇ နာရီနဲ႔ အမ်ားဆံုး ၉ နာရီထိသာအိပ္တတ္ပါတယ္။

၂။ ေရမေသာက္ျခင္း

မနက္အိပ္ယာႏိုးႏိုးခ်င္း ေရေသာက္ေပးသင့္တယ္ဆိုတာ လူတိုင္းသိေပမယ့္ လူတိုင္း ေသာက္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ ေရမ်ားမ်ားမေသာက္တာဟာလည္း ကိုယ္အေလးခ်ိန္တက္ေစပါတယ္။မနက္ဖက္မွာ ေရေသာက္ေပးရင္ အညစ္အေၾကးစြန္႔ေပးၿပီး စိတ္ကိုၾကည္လင္ေစပါတယ္။ ဒါ့အျပင္ အစားအမ်ားႀကီးစားမိျခင္းကိုေလွ်ာ့ခ်ေပးၿပီး ေရေသာက္တာဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေစဖို႔ အကူအညီျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ေရေသာက္ေပးပါ။

၃။ သင့္ရဲ႕ ကိုယ္အေလးခ်ိန္အေၾကာင္း သင္ေမ့ေနျခင္း

သင္စားမယ့္အခ်ိန္ေသာက္မယ့္အခ်ိန္၊ သင္ဘာပဲလုပ္လုပ္ သင့္ရဲ႕ ကိုယ္အေလးခ်ိန္အေၾကာင္းကို ေသခ်ာနားလည္ထားသင့္ပါတယ္။ အာဟာရဓာတ္သင့္တင့္မွ်တေအာင္စားသံုးဖို႔လိုအပ္ပါတယ္။

၄။ မနက္စာနည္းနည္းပဲစားျခင္း

သုေတသနျပဳခ်က္အရ မနက္စာနည္းနည္းပဲစားတာဟာ တစ္ေန႔တာလံုးအတြက္ အားအင္ခ်ည့္ႏွဲ႕ေစၿပီး အစားမ်ားမ်ားစားမိတာ၊ အသင့္စားအစားအစာ စားမိတာမ်ိဳးျဖစ္ေစလို႔ မနက္စာကို အာဟာရဓာတ္ ျပည့္ျပည့္၀၀ စားေပးဖို႔လိုအပ္ပါတယ္။

၅။ မနက္စာမစားျခင္း

ဘာဆို္င္လို႔လဲလို႔ ေတြးမိခ်င္ေတြးမိမွာျဖစ္ေပမယ့္ မနက္စာမစားတာဟာ ကိုယ္အေလးခ်ိန္တက္တာနဲ႔ ဆက္စပ္ေနပါတယ္။ မနက္စာမစားဘဲေနမယ္ဆိုရင္ ေစာေစာကေျပာခဲ့သလိုပဲ အျမန္စားအစားအစာကို ေရြးခ်ယ္စားသံုးမိမွာျဖစ္သလို၊ စိတ္လည္းၾကည္မွာမဟုတ္ပါဘူး။