တနေ့တာပင်ပန်းရုန်းကန်လှုပ်ရှားနေကြရပြီး မိမိလုပ်ရိုးလုပ်စဥ်များတိုးချဲ့လာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုတွေနဲ့ အနည်းနဲ့အများ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲလိုအချိန်မျိုးတွင်ဆို  သင်တို့ရဲ့ စိတ်ပျော်ရွှင်ကျေနပ်သာယာစေတဲ့အိပ်စက်အနားယူမှုကို အနှောင့်အယှက် ဖြစ်လာစေတတ်ပါတယ်။

အထူးသဖြင့် အရွယ်ရောက်လာသူများအနေဖြင့်ခန္ဓာကိုယ်နဲ့ဥာဏ်ရည်ကောင်းမွန်စေရန်အတွက်ဆေးပညာရဲ့ထောက်ခံချက်အရ အနည်းဆုံး ၇နာရီ မှ ၉နာရီအထိ အိပ်စက်အနားယူသင့်ကြောင်း အကြံပြုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သင့်အိပ်စက်နိုင်ဖို့အတွက် အခက်အခဲကြုံနေတယ်ဆိုရင် သဘာဝအတိုင်း အသီးအနှံဖျော်ရည်သောက်သုံးခြင်းနဲ့ ကုစားလို့ရတယ် ဆိုတာ အခုသင်သိရှိသွားလိုက်ရပြီဆိုတော့ အချိုရည်သောက်ခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူနိုင်ဖို့အတွက် သောက်သုံးသင့်တဲ့အချိုရည် ၅ မျိုးကိုဝေမျှလိုက်ပါတယ်။

(၁) ပူနွေးသောနွားနို့တစ်ခွက်

နွားနို့ပူပူလေးတစ်ခွက်က နှစ်ခြိုက်ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုဖြစ်ပါတယ်။ နွားနို့တွင် ဦးနှောက်အတွင်းရှိ serotonin ကို တိုးပွားစေသော tryptophan ပါဝင်ပါတယ်။၎င်းသည် နာတာရှည် အိပ်မပျော်နိုင်တဲ့သူတွေကိုပင် အိပ်ပျော်စေနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တဲ့အတွက် နွားနို့ကိုသောက်သုံးပေးသင့်ပါတယ်။

(၂) ချယ်ရီသီးဖျော်ရည်

ချယ်ရီသီးဖျော်ရည် လည်း နွားနို့ကဲ့သို့ tryptophan ပါဝင်ပါတယ်။ ဒါကြောင့် ၎င်းသည် melatonin ဟော်မုန်းကို ထုတ်လုပ်ပေးပြီး သင်၏ အိပ်စက်ခြင်းကို တိုးတက်စေပါတယ်။ ဒီဖျော်ရည်ကို အိပ်မပျော်တဲ့ကုထုံးတွေမှာ စမ်းသပ်မှုများစွာပြုလုပ်ထဲကနေ အထိရောက်ဆုံး အကောင်းဆုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေနိုင်တဲ့ဖျော်ရည်တစ်မျိုးဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။

(၃)အုန်းနို့

အုန်းနို့ထဲတွင်မဂ္ဂနီစီယမ်နှင့်ပိုတက်စီယမ် ၂ ခုပါ ၀င်ပြီး၎င်းသည်ကြွက်သားများကိုဖြေလျှော့ပေးပြီးကောင်းမွန်သောအိပ်စက်ခြင်းကိုပေးနိုင်ပါတယ်။
ထို့အပြင် ၎င်းသည် သွေးဖိအားနှင့် ကျောက်ကပ်ရောင်ခြင်းကို လျော့နည်းစေပါတယ်။ အုန်းနို့တွင် များစွာသောသဘာဝ Electrolytes များကြောင့် ကိုယ်ခန္ဓာကိုမျှမျှတတနှင့်အနားယူရန်ကူညီပေးပါတယ်။

(၄)လက်ဖက်စိမ်း

Green tea တွင် antioidants များစွာပါဝင်သည့်အတွက် တနေ့တာတွင် ဘယ်အချိန်တွင်မဆို သောက်ရန် ရွေးချယ်ဖို့ စဥ်းစားစရာတစ်ခုဖြစ်လာပါတယ်။
သို့သော် အိပ်စက်ခြင်းသို့ရောက်လာတဲ့အခါ လက်ဖက်ရည်ကြမ်းကိုသောက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။၎င်းတွင် စိတ်သက်သာမှုနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများ လျှော့ချရန် အားပေးတဲ့ theanine ပါဝင်တဲ့အတွက် သင့်၏အိပ်စက်ခြင်းကို ရှည်လျားစေဖို့ အကူညီပေးပါတယ်။

(၅)Chamomile tea


Source : Superiorwallpapers

Chamomile လက်ဖက်ရည်က ကိုယ်ခန္ဓာသက်သောင့်သက်သာဖြစ်စေပါတယ်။ များသောအားဖြင့် အစာအိမ်နာခြင်းအတွက် များစွာ အထောက်အကူပြု ကြောင်းထောက်ခံချက်များရှိပြီး ၎င်းက အစာခြေခြင်းကို သက်သာစေပြီး အတွင်းပိုင်းတင်းမာမှုများကို လျော့နည်းစေပါတယ်။သို့သော် Chamomile က အိပ်မပျော်ခြင်း နဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုစသော စိတ်ဖိစီးမှုလက္ခဏာများကိုလျှော့ချရာတွင် အလွန်ထိရောက်ကြောင်း သက်သေပြခဲ့ပါတယ်။

ကဲ အခုချိန်ကစပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူနိုင်ဖို့အတွက် ဒီသောက်စရာထဲကတစ်ခုခုကို အခုပဲရွေးချယ်ပြီး သောက်သုံးခြင်းဖြင့် ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ကြပါစေ။