မျက်နှာဆိုတာ လူတစ်ယောက်ကို မြင်မြင်ချင်း ပထမဆုံး သတိထားမိစေတဲ့အရာဖြစ်လို့ မျက်နှာအသားအရေလေးကို ဂရုစိုက်ဖို့လိုပါတယ်နော်။ မျက်နှာအသားအရေအတွက် အလှကုန်ပစ္စည်းတွေ အသုံးပြုပေးရုံသာမက မျက်နှာလေ့ကျင့်ခန်းကိုလည်း လုပ်ပေးနိုင်ပါတယ်။ မျက်နှာအသားအရေလေး နုပျိုနေစေဖို့အတွက် လေ့ကျင့်ခန်းအချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ပါးလေ့ကျင့်ခန်း

မှန်ရှေ့မှာရပ်လိုက်ပြီး အားပါးတရပြုံးပါ။ ပါးစပ်နားရွက်တက်ချိတ်တဲ့ထိ ပြုံးပေးပါ။ ပြီးရင်တော့ နှာခေါင်းကို ကျုံ့နိုင်သဘောက်ကျုံ့ပြီး မျက်နှာကိုလည်း ကျုံ့လိုက်ပါ။ အပြုံးတော့မပျက်စေနဲ့နော်။ ပြီးရင် ၁၀ စက္ကန့်လောက်နေပြီး နဂိုအတိုင်းပြန်နေပါ။ အဲဒီလေ့ကျင့်ခန်းကို ၁၀ ကြိမ်လောက်လုပ်ပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်းဖြစ်ခြင်းကို သက်သာစေသလို အသားအရေကို နုပျိုစေမှာဖြစ်ပါတယ်။

၂။ နဖူးအတွက်လေ့ကျင့်ခန်း

နဖူးအတွက်လည်း လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။ မျက်ခုံးမွှေးကို ပင့်နိုင်သမျှ မြင့်မြင့်ပင့်ပေးပြီး ပါးစပ်ကိုလည်း ဟနိုင်သဘောက်ဟထားပါ။ မျက်လုံးကိုလည်း ပြူးထားရပါမယ်။ အဲဒီအတိုင်း ၁၀ စက္ကန့်လောက်နေပြီး မျက်နှာပြန်တည်ပါ။ ၁၀ ကြိမ်လောက်လုပ်ပေးပါ။

၃။ လည်ပင်နဲ့ မေးရိုးအတွက်လေ့ကျင့်ခန်း

လည်ပင်းနဲ့ မေးရိုးအတွက် လေ့ကျင့်ခန်းလုပ်ပါမယ်။ ခေါင်းကို တည့်တည့်ထားပါ။ လျှာကိုလိပ်လိုက်ပြီး ပါးစပ်အပေါ်အမိုးနားကို ထိထားပေးပါ။ ပြီးရင် ခေါင်းကို ဖြည်းဖြည်းလေး ငုံ့ပြီး အခုပုံမှာပြထားသလို လည်ပင်းနဲ့ ထိနိုင်သမျှ ထိအောင်လုပ်ပါ။ ဒါလည်း လည်ပင်နားက ကြွက်သားအတွက်ကောင်းမွန်သလို မေးရိုးအတွက်လည်းကောင်းမွန်ပါတယ်။ စက္ကန့် ၂၀ လောက်နေပြီး နဂိုအတိုင်းပြန်နေပါ။ ၁၀ ကြိမ်လုပ်ပေးပါ။ မေးနှစ်ထပ်ဖြစ်တာကိုလည်း သက်သာစေပါတယ်။

၄။ မျက်လုံးအတွက်လေ့ကျင့်ခန်း

မျက်လုံးနားတစ်ဝိုက်က ဖောင်းနေတာတွေကို သက်သာစေဖို့အတွက် လုပ်ပေးနိုင်ပါတယ်။ လက်ညိုးနှစ်ဖက်ကို မျက်ခုံးအပြင်ထောင့်နှစ်ဖက်နားမှာထားထားပါ။ လက်ခလည်ကို မျက်ခုံးမွှေးအတွင်းဘက်ထောင့်နားကို ထိပေးထားပါ။ လက်နှစ်ဖက်နဲ့ မျက်ခုံးမွှေးကို အောက်ချပေးပြီး မျက်လုံးနှစ်ဖက်ကို ဖိညှစ်ပေးလိုက်ပါ။ နှုတ်ခမ်းကိုလည်း မဲ့ပြုံးလေးပြုံးနေလိုက်ပါ။ အဲဒီအတိုင်း စက္ကန့် ၂၀ လောက်နေပါ။ အခုပုံမှပြထားသလိုမျိုး မျက်လုံးမွှေးကိုကျုံ့ မျက်မှောင်ကုတ်ပြီး နှုတ်ခမ်းမဲ့ပေးရင်လည်း ရပါတယ်။

၅။ မျက်နှာတစ်ခုလုံးအတွက်လေ့ကျင့်ခန်း

အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပါးကို ဖောင်းထားလိုက်ပါ။ ပါးကို တစ်ဖက်တည်း ဖောင်းပေးထားပါ။ ပြီးရင် ၁ မိနစ်လောက် (သို့) ကိုယ်နေနိုင်သလောက်နေပြီးမှ အသက်ကို နှာခေါင်းကနေ ပြန်ရှူထုတ်ပါ။ တစ်ဖက်စီကိုပြောင်းလုပ်ပေးပါ။ ၅ ကြိမ်တိတိလုပ်ပေးပါ။