ဝိတ်ကျချင်တဲ့သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝိတ်ကျအောင် လုပ်နေကြတာပါပဲ။ ဒီလိုဝိတ်ကျအောင်လုပ်ဖို့ အချိန်လည်းသိပ်မပေးနိုင်ဘူး၊ ခက်ခဲတာတွေလည်း မလုပ်ချင်ဘူးဆိုရင်တော့ လက်ဖက်ရည်သောက်ပေးပါ။ ရိုးရိုးသောက်နေကျလက်ဖက်ရည်တော့ မဟုတ်ဘူးနော်။ သဘာဝအတိုင်းဝိတ်ကျသွားစေမယ့် လက်ဖက်ရည်ငါးမျိုးရှိပါတယ်။
Green Tea
Green Tea လက်ဖက်ရည်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကိုယ်ရေစစ်ပြီး ဝိတ်ကျစေမယ့်အပြင် အသားအရေလည်း စိုပြေလာစေပါတယ်။
Ginger Tea
Ginger Tea ကို တစ်နေ့တစ်ခွက်သောက်ပေးခြင်းက ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
Cinnamon Tea
Cinnamon Tea ကိုသောက်ပေးခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်ရေစစ်ပြီး ဝိတ်လည်းကျလာစေပါတယ်။
Oolong Tea
Oolong Tea လို့ခေါ်တဲ့ လက်ဖက်ရည်ကို သောက်ပေးတာကလည်း သဘာဝအတိုင်းဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အချိန်ယူပြီး သောက်ပေးဖို့တော့ လိုပါတယ်။
Fennel Tea
Fennel Tea ကလည်း ဝိတ်ကျစေဖို့ အထောက်အကူဖြစ်စေလို့ တစ်နေ့တစ်ခွက် သောက်ပေးနိုင်ပါတယ်။ ဒီလက်ဖက်ရည်တွေကတော့ နေရာတိုင်းမှာ ဝယ်ဖို့မလွယ်တဲ့အတွက် ကိုယ်အဆင်ပြေစေမယ့် တစ်ခုကိုပဲ ရွေးချယ်သောက်သုံးပေးနိုင်ပါတယ်။
Photo Source: www.womensok.com