အထိုင်များတဲ့ရုံးဝန်ထမ်းတွေ ဖုန်းနဲ့ကွန်ပြူတာအသုံးပြုမှုများသူတွေအနေနဲ့ ခါးနာတဲ့ဝေဒနာကို တော်တော်လေးခံစားလာကြရပါတယ်။ တစ်ခါတစ်လေမှာ အခန့်မသင့်ရင်လည်း ပစ္စည်းလေးတစ်ခုမလိုက်တာတောင် ရုတ်တရက်ခါးနာသွားတက်ပါတယ်။ခါးနာခြင်းဟာ တကယ်တော့ လုံးဝကိုမပေါ့ဆသင့်တဲ့အရာပါ။ ဒါကြောင့် သင့်ဟာ အချိန်တော်တော်ကြာခါးနာဝေဒနာခံစားနေရသည်ဖြစ်စေ မတော်တဆပြုမူလှုပ်ရှားမှုကြောင့် ခါးနာဝေဒနာခံစားနေရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) ယောဂကျင့်ပါ

Source : Well+Good

ယောဂကျင့်ခြင်းဆိုတာ ခန္ဓာကိုယ်အတွက် အင်မတန်ကောင်းကျိုးဖြစ်စေတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ယောဂကျင့်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာမှာသာမကစိတ်ပိုင်းဆိုင်ရာမှာလည်း ထူးခြားကောင်းမွန်လာစေပါတယ်။ခန္ဓာကိုယ်ရှိ ကြွက်သား တွေကိုလည်း ပြေလျော့စေတာကြောင့် ယောဂပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် နာကျင်ကိုက်နေတဲ့ ခါးတစ်ဝိုက်က ကြွက်သားတွေကိုပြေလျော့စေပြီး ခါးနာဝေဒနာကိုသက်သာစေမှာပါ။

(၂) ရေခဲ(သို့မဟုတ်) ရေနွေးအိတ်ကပ်ပါ

Source : Ania radzi

ခါးနာဝေဒနာကိုသက်သာစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုက ရေခဲ သို့မဟုတ် ရေနွေးအိပ်ကပ်ခြင်းပါပဲ။ ခပ်နွေးနွေးအပူချိန်ရှိတဲ့ရေနွေးအိတ်ကို ခါးနာတဲ့နေရာမှာ ကပ်ထားပေးပါ။အကယ်၍ရေနွေးအိတ်အလွယ်တကူ မရှိဘူးဆိုရင်လည်း ရေခဲတုံးကိုအဝတ်နဲ့ပတ်ပြီး နာနေတဲ့နေရာကိုကပ်ထားပေးလို့ရပါတယ်။

(၃) သက်တောင့်သက်သာရှိတဲ့ထိုင်ခုံကိုရွေးပါ

Source : deskjockeystore.com

ကိုယ်ကခါးနာနေပေမယ့်လည်း ကွန်ပြူတာရှေ့ထိုင်ဖို့ရှိသေးတယ် အလုပ်တွေလုပ်ရအုန်းမယ်ဆိုရင်တော့ ကိုယ့်ကိုသက်တောင့်သက်သာရှိစေမယ့် ထိုင်ခုံမျိုးကိုရွေးထိုင်သင့်ပါတယ်။ဒါမှမဟုတ်ထိုင်နေကျထိုင်ခုံမှာပဲ ခါးအောက်ပိုင်းကို

(၄) အိပ်စက်တဲ့ အနေအထားမှန်အောင် အိပ်စက်ပါ

Source : Freepik

အိပ်စက်ပုံအနေအထားမမှန်ခြင်းက ခါးနာခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ ပက်လက်အိပ်အနေအထားနဲ့ မှန်ကန်အောင် အိပ်စက်တာတောင်မှ ခါးနာသေးတယ်ဆိုရင် သင့်ကျောရိုးကို အထောက်အပံ့ပေးနိုင်ဖို့ရန်အတွက် ဒူးခေါင်းအောက်မှာ ခေါင်းအုံးထားအိပ်ပါ။ နာကျင်ခြင်း သက်သာသွားပါလိမ့်မယ်။