ထမင်းစားပြီးပြီးချင်းမှာ လမ်းလျှောက်ရင် ဗိုက်အောင့်တတ်ပါတယ်။ ဒီလိုပဲ အစာအိမ်ထဲ ဘာအစာမှမရှိသေးတဲ့အချိန်မှာလည်း မပြုလုပ်သင့်တဲ့ အရာတွေ နဲ့ မစားသင့်တဲ့အရာတွေရှိပါတယ်။ ဒါကြောင့် အစာအိမ်ထဲ အစာမရှိချိန်မှာ ဘာတွေမလုပ်ရဘူးလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ဆေးမသောက်ပါနဲ့။

အစာအိမ်ထဲ အစာမရှိချိန်မှာ ဆေးသောက်လိုက်ရင် အစာအိမ်သွေးယိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။ စားစရာမရှိလို့ အမြန်လိုနေလို့သောက်မယ်ဆိုရင်တောင် ရေနဲ့မသောက်ပဲ နွားနို့နဲ့ သောက်ပေးပါ။

ကော်ဖီမသောက်ပါနဲ့။

အစာအိမ်ထဲ အစာမရှိချိန်မှာ ကော်ဖီသောက်မယ်ဆိုရင် ရင်တုန်တာမျိုးဖြစ်လာပါလိမ့်မယ်။ ခဏခဏသောက်ရင် နှလုံးရောဂါတောင်ရနိုင်ပါတယ်။ ဒါကြောင့် အစာတစ်ခုခုစားပြီး ကော်ဖီသောက်ပါ။ ကော်ဖီချည်းပဲသောက်မယ်ဆိုရင်လည်း နွားနို့ (သို့) ခရင်မ်ကိုရောပြီး သောက်ပေးပါ။

ပီကေမဝါးပါနဲ့။

အစာအိမ်ထဲမှာ ဘာအစာမှမရှိသေးပဲ အချိုဓာတ်ရအောင်၊ ခံတွင်းအနံ့ရအောင်ဆိုပြီး ပီကေမဝါးပါနဲ့။ စားမယ်ဆိုရင်လည်း ၁၀ မိနစ်ထက်ပိုပြီး မဝါးပါနဲ့။ ပီကေစားမယ့်အစား အသီးဖျော်ရည်သောက်ပေးတာက ပိုကောင်းပါတယ်။

မပြေးပါနဲ့။

အစာအိမ်ထဲ အစာမရှိတဲ့အချိန်မှာ ပြေးတာမျိုးလုံးဝမလုပ်ပါနဲ့။ ပြေးရင်ဗိုက်ပိုဆာပြီး အားအင်ချိနဲ့လာတတ်ပါတယ်။ ဒါကြောင့် လမ်းပဲလျှောက်ပါ။ ပြေးတာမျိုးမလုပ်ပါနဲ့။

Photo Source: www.brightside.me