လူဖြစ်ရတဲ့ခဏတာအချိန်လေးအတွင်းမှာ အသက်ရှည်ကျန်းမာစွာနဲ့ ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်လိုက်ရခြင်းထက် ကောင်းမွန်တဲ့အရာရှိမှာ မဟုတ် ပါဘူး။ လူတိုင်းလည်း ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ ဆန္ဒ ရှိကြမယ်ဆိုတာ မလွဲမသွေပါပဲ။ ဒါဆို ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုရဖို့ဘာတွေကအရေးကြီးလဲ။ဘယ်လိုအချက်တွေလိုက်နာဆောင်ရွှက်ရင် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ရမလဲဆိုတဲ့ လျို့ဝှက်ချက်လေးတွေပြောပြပေးချင်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားလုပ်ပေးပါ

Source : Wsonline.me

ယနေ့ခေတ်မှာ Gym တွေမှိုလိုပေါက်အောင်ပေါလာပေမယ့် အချိန်မရလို မအားလို့ဆိုတဲ့အကြောင်းပြချက်တွေကို ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ကို ရှောင်ဖယ်နေကြတဲ့သူတွေအများကြီးရှိပါတယ်။တကယ်တော့ Gym ဆော့မှ ကိုယ်လက်လှုပ်ရှားအားကစားမဟုတ်ပါဘူး။တစ်နေ့ကိုနာရီဝက်လောက်လမ်းလျောက်မယ် ရေချိုးခါနီး သွေးပူလေ့ကျင့်ခန်းလုပ်မယ် နောက်ဆုံး လှုပ်လှုပ်ရှားရှားနဲ့ အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင်တောင် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရာရောက်ပါတယ်။ဒါကြောင့်အကြောင်းပြချက်တွေပြနေတာရပ်လိုက်ပါ။နာရီဝက်လောက်အချိန်ပေးပြီး နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၂) မျှတစွာစားသုံးပါ

Source : 123rf.com

ဆေးလည်းအစာ အစာလည်းဆေးဆိုတဲ့စကားနဲ့အညီ ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့အစားအသောက်စားရာမှာလည်း သင့်တင်မျှတစွာစားသုံးပေးဖို့ လိုအပ်ပါတယ်။အသားချည်းပဲစားသုံးလို့မရသလို အသီးအရွှက်ချည်းပဲစားသုံးဖို့လိုလည်းမသင့်တော်ပါဘူး။ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဆီဓာတ် ဆိုတာလည်းရှိပါသေးတယ်။ သံလွင်ဆီ၊ ထောပတ်သီးဆီနဲ့ အခြားအစေ့အဆံများမှ ရရှိတဲ့အဆီဓာတ်က သွေးလှည့်ပတ်မှုကမှောက်ကမဖြစ်ခြင်းကြောင့် သေဆုံးခြင်းမှ ၁၆ ရာခိုင်နှုန်းခန့် လျော့ချပြီးသားဖြစ်ပါတယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ ကြက်သား၊ အနီရောင်ရှိတဲ့အသားများကတော့ သွေးလှည့်ပတ်မှုစနစ်မှားယွင်းခြင်းကြောင့် သေဆုံးခြင်းကို၂၅ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါတယ်။ခန္ဓာကိုယ်မှာလိုအပ်တဲ့အသားဓာတ် အဆီဓာတ် အသီးအရွှက်ဓာတ်တွေကို မျှမျှတတစားသုံးပေးမှာသာ ကျန်းမာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။

(၃) ဖုန်းတွေကိုအချိန်ကန့်သတ်ဖြင့်သုံးပါ

Source : The Motley Fool

နည်းပညာတိုးတက်ထွန်းကာလာတဲ့ခေတ်ကိုရောက်ရှိလာတာနဲ့အမျှ လူတွေရဲ့ အချိန်တော်တော်များများက ဖုန်းတွေ လက်တော့တွေရဲ့ Screen တွေပေါ်မှာပဲ အချိန်တွေကုန်လာပါတယ်။ဖုန်းတွေလက်တော့တွေစတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်းရဲ့ဘေးထွက်ဆိုးကျိုးက အင်မတန်မှကြောက်စရာကောင်းပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဆိုးရွှားစွာ ထိခိုက်လာစေပါတယ်။ ဒါကြောင့် တက်နိုင်သလောက်ဖုန်းတွေသုံးတာလျော့ပြီး စစ်မှန်တဲ့ဗဟုသုတတွေကို ရှာဖွေနိုင်ဖို့ စာဖတ်သင့်ပါတယ်နော်။

(၄) ချစ်တဲ့သူတွေကို အချိန်ပေးပါ

Source : riverview.org

ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူတူရှိရတဲ့အချိန်က ဘဝမှာပျော်စရာအကောင်းဆုံး စိတ်ချမ်းအသာဆုံး အခိုက်အတန့်ကို ရရှိစေပါတယ်။ဘယ်လောက်ပဲမအားမလပ်ဖြစ်နေပါစေ အချိန်ပေးပြီး မိသားစုနဲ့အတူထမင်းလက်ဆုံစားတာမျိုး သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး စသည့်ဖြင့်အပူအပင်ကင်းကင်းနဲ့ ချစ်ရတဲ့သူတွေကိုအချိန်ပေးရတာဟာ စိတ်ကြည်နူးစရာကောင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။