အနီရောင် ဂေါ်ဖီထုပ်က အစာခြေအားကို ကောင်းစေတဲ့ ဟင်းသီဟင်းရွက်တွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းကျိုးပေးနိုင်ရုံသာမက တခြား ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

အနီရောင်ဂေါ်ဖီထုပ်မှာ ဗီတာမင် စီ၊ ဗီတာမင် ကေ နဲ့ တခြား အရေးကြီးတဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ အနီရောင် ဂေါ်ဖီထုပ်ထဲမှာပါဝင်တဲ့ ဗီတာမင်စီက အရမ်းအားကောင်းတဲ့ Antioxidant တစ်ခုလို လုပ်ဆောင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ မပျက်စီးသွားအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်အားကို မြှင့်တင်ပေးကာ ဘက်တီးရီးယားနဲ့ ပိုးဝင်တာမျိုးတွေကနေ ကာကွယ်ပေးပါတယ်။

အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်

အနီရောင် ဂေါ်ဖီထုပ်မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းချုပ်ခြင်းကနေ ကင်းဝေးပြီး အစာခြေစနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

ရောင်ရမ်းတာတွေ လျော့ကျ

အနီရောင် ဂေါ်ဖီထုပ်မှာ Phytonutrients တွေပါဝင်ပြီး ဒါက သဘာဝအရ ခန္ဓာကိုယ်မှာရှိတဲ့ ရောင်ရမ်းတာတွေ လျော့ကျစေပါတယ်။ အနီရောင် ဂေါ်ဖီထုပ်က ခန္ဓာကိုယ်မှာ ဖောရောင်၊ ရောင်ယမ်းတာတွေကို သက်သာစေပါတယ်။

5

နာတာရှည် ရောဂါတွေအတွက် ကောင်းမွန်

အနီရောင် ဂေါ်ဖီထုပ်မှာပါဝင်တဲ့ Antioxidants က DNA ပျက်စီးမှုတွေကို ကာကွယ် ပေးပါတယ်။ DNA ပျက်စီးမှုကြောင့် ဖြစ်လာတဲ့ အယ်ဇိုင်းမားရောဂါ၊ Huntington ရောဂါ နဲ့ ပါကင်ဆန် (Parkinson) ရောဂါတွေကို သက်သာစေပါတယ်။ အဲ့ဒီအပြင် ကင်ဆာ ရောဂါတွေကို တိုက်ဖျက်ရာမှာလည်း အရေးပါလှတဲ့ ဟင်းသီဟင်းရွက်တစ်မျိုးလည်းဖြစ်ပါတယ်။

အနီရောင် ဂေါ်ဖီ ဖျော်ရည် ပြုလုပ်ဖို့ ပါဝင်ပစ္စည်းများ

  • အနီရောင် ဂေါ်ဖီ ၁ ခု
  • ငရုတ်သီးမှုန့် အနီတောင့် လက်ဘက်ရည်ဇွန်းရဲ့ ၃ ပုံ ၁ပုံ
  • နံနံပင် လက်တစ်စုပ်စာ
  • ဂျင်းလက်တစ် ဒစ်
  • သံပုရာသီး ၁လုံးရဲ့ ၄ပုံ ၁ပုံ
  • သံပုယိုသီး ၁ လုံးရဲ့ ၄ ပုံ ၁ပုံ
  • အုန်းရည် ခွက် တစ်ဝက်

အကုန်လုံးကို ရောမွှေပြီး သဘာဝဆေးတစ်ခွက်အဖြစ် သောက်သုံးလို့ရပါပြီ။ ဘယ်လိုလုပ်လဲဆိုတာ သေချာသိရအောင် လုပ်နည်းပါတဲ့ YouTube Link လေးတစ်ခုကို ပေးထားပါတယ်။