ကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး အခြားအကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပေမယ့်လည်း ဇီဝဖြစ်စဉ်ရဲ့ ဟော်မုန်းတွေရဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရပါဘူး။ အစားအသောက်တွေလည်း ကျန်းမာရေးနဲ့အညီ စားသုံးနေပြီး အားကစားတွေလည်း လုပ်ပါရဲ့နဲ့ ကိုယ်အလေးချိန်က ဘယ်လိုမှမကျနိုင်ဘူးဆိုရင်တော့ စဉ်းစားစရာဖြစ်လာပါပြီ။

ဒါကြောင့် MyHealth Myanmar မှနေပြီး ဟော်မုန်းနဲ့ပတ်သက်ပြီး ကိုယ်အလေးချိန်တက်စေနိုင်တဲ့ အကြောင်းအရင်းလေးချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ (ကျောက်ကပ်အနီးရှိ) အဒရီနယ် ကိုယ်အလေးချိန်တက်ခြင်း

သင့်ခန္ဓာကိုယ်ဟာ စိတ်ဖိစီးမှုတွေ မကြာခဏ ပြင်းထန်လာပြီဆိုရင် ဟော်မုန်းမညီမျှမှုတွေ ဖြစ်လာနိုင်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အလုပ်မလုပ်တော့ဘဲ ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့

ဝမ်းဗိုက်နှင့် ခါးနားတစ်ဝိုက်တွင် အဆီတွေစုလာခြင်း

လက်မောင်းနှင့်ခြေထောက်တွေ သေးနေချိန်မှာ မျက်နှာနှင့် လည်ပင်းတို့ဖောင်းကားနေခြင်း

သွေးပေါင်ချိန်တိုးခြင်း

ဆီးချိုတက်ခြင်း၊ ကြွက်သားတွေအားနည်းခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

၂။ အသည်းရောင်ရောဂါကြောင့် ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်ခန္ဓာရဲ့ ကျန်းကျန်းမာမာရှိဖို့အတွက် အထူးအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းက တစုံတရာပျက်စီးလာပြီဆိုရင်တော့ ဝမ်းဗိုက်အဆီတွေ စုပုံလာပါပြီ။ သူ့ရဲ့ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့

သွေးချိုတက်ခြင်း

သွေးပေါင်ချိန်နဲ့ ကိုလက်စထရောပမာဏတွေ မြင့်တက်လာခြင်း

အဆစ်အမြစ်တွေနာကျင်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အသားအရေပြဿနာတွေ စတာတို့ပဲဖြစ်ပါတယ်။

၃။ သိုင်းရွိုက် ကိုယ်အလေးချိန်တက်ခြင်း

ခန္ဓာကိုယ်က အသုံးပြုနေတဲ့ စွမ်းအင်နှုန်းထားအတွက် တာဝန်ရှိတဲ့ သိုင်းရွိုက်က ပုံမှန်အလုပ်မလုပ်တော့ဘူးဆိုရင်တော့ အားအင်အသုံးပြုမှု လျှော့ချလိုက်တယ်ဆိုရင်တောင် ကိုယ်အလေးချိန်တက်လာမှာပါ။ သိုင်းရွိုက်သေချာအလုပ်မလုပ်တော့တဲ့အခါမှာ

ကြွက်သားအားနည်းခြင်း၊ အသားအရေလျော့ရဲခြင်း

အချိန်ကြာကြာမူးဝေမောပန်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း

ဆံပင်ကျွတ်ခြင်း

နှလုံးခုန်နှုန်းနှေးသွားခြင်း၊ စိတ်ဓာတ်ကျလာခြင်း စတာတို့တွေ ဖြစ်လာနိုင်ပါတယ်။

၄။ သားအိမ်ဆိုင်ရာ ကိုယ်အလေးချိန်တက်ခြင်း

ဒီအကြောင်းအရာက ဟော်မုန်းညီမျှမှုမရှိတဲ့ အမျိုးသမီးတွေရဲ့ ထူးခြားတဲ့ပင်ကိုလက္ခဏာတွေပဲဖြစ်ပါတယ်။ အမျိုးသမီးတွေ သုံးစွဲလိုက်တဲ့ Carbs တွေအကုန်လုံးက အဆီများအဖြစ်ပြောင်းလဲသွားပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ညီညီမျှမျှ စားသုံးနေတယ်ဆိုရင်တောင် ကိုယ်အလေးချိန်တက်နေနိုင်ပါတယ်။

သားအိမ်သေချာအလုပ်မလုပ်တော့ဘူးဆိုရင် ပြသလာမယ့် လက္ခဏာတွေကတော့

ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေပြီး Diet လုပ်နေတာတောင်မှ ကိုယ်အလေးချိန်တက်ခြင်း

အချိုတွေစားသုံးလိုခြင်း

ခန္ဓာကိုယ်အောက်ပိုင်းတွင် အဆီတွေစုလာခြင်း

သားအိမ်အတွင်းမှာ နာကျင်ကိုက်ခဲမှုတွေဖြစ်လာခြင်း

အထက်ဖော်ပြပါ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ တုံ့ဆိုင်းမနေဘဲ သိနားလည်ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းအကြံပေးလိုပါတယ်။