ယနေ့ခေတ်လူကြီးလူငယ်မရွေးကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကညဘက်တွေအိပ်မပျော်တာပါပဲ။ခေတ်ရဲ့ပြောင်းလဲလာမှု နည်းပညာပစ္စည်းတွေ အလွန်အကျွံသုံးစွဲလာမှု စိတ်ဖိစီးမှုတွေများလာမှုစတဲ့ လူနေမှုပုံစံတွေကြောင့် လူတွေရဲ့အိပ်စက်ချိန်တွေလျော့နည်းလာပြီး အိပ်မပျော်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ညဘက်အိပ်ရေးပျက်တဲ့ပြဿနာ အိပ်မပျော်တဲ့ပြဿနာကပေါ့ဆသင့်တဲ့အရာတစ်ခုမဟုတ်တာကြောင့် စာဖတ်သူအနေနဲ့ ညဘက်တွေအိပ်ပျော်ဖို့ခက်ခဲနေရင်အခုပြောပြမယ့်အချက်လေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) စိတ်ကိုသန့်ရှင်းရေးလုပ်ပါ

Source : Chivalry Men

ညအိပ်ယာမဝင်ခင် ခြေလက်ဆေးတာ မျက်နှာသစ်သွားတိုက်တာ စသည်ဖြင့် ခန္ဓာကိုယ်အတွက် သန့်ရှင်းရေးလုပ်ကြရသလို စိတ်ကိုလည်း သန့်ရှင်းရေးလုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ်။အိပ်ယာထဲရောက်ပြီဆိုတာနဲ့ စိတ်ညစ်စရာစိတ်ဖိစီးစရာကိစ္စမှန်သမျှကို အတက်နိုင်ဆုံး ခေါင်းထဲက ရှင်းထုတ်ထားပါ။ စိတ်စရာအတွေးတွေ စိတ်ဖိစီးမှုတွေက သင့်ကိုအိပ်ပျော်ဖို့အနှောက်ယှက်ပေးတာ ကြောင့် အိပ်ယာပေါ်ရောက်ပြီဆိုတာနဲ့ အတွေးနယ်ချဲ့မှုတွေကိုရှောင်ကျဉ်ပြီး စိတ်ကိုအရှင်းဆုံးထားကာ ကြိုးစားအိပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ဟိုတွေးဒီတွေးနဲ့ အတွေးနယ်မချဲ့ ချင်ဘူးဆိုရင်တော့ စိတ်တည်ငြိမ်အေးချမ်းအောင် အိပ်ခါနီး ၁၅ မိနစ်ခန့်တရားထိုင်တာ ယောဂကျင့်တာမျိုးလုပ်ပေးနိုင်ပါတယ်။

(၂) အားကစားလုပ်ပါ

Source : kulayogacommunity.org

အားကစားလုပ်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေပြီးသွေးလည်ပတ်မှုကောင်းစေကာ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမှာ ဖြစ်ပါတယ်။ အားကစားလုပ်ခြင်းဆိုရာမှာလည်း Gym ကစားမှမဟုတ်ပါဘူး။ အချိန်မပေးနိုင်တဲ့သူတွေအနေနဲ့ နာရီဝက်ခန့်လမ်းလျောက်ပေးခြင်း စက်ဘီးနင်းခြင်း စသည့်ဖြင့်ပြုလုပ်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန်အားကစားလုပ်ခြင်းကြောင့် ကျန်းမာရေးကိုအထောက်အကူပြုလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေမှာဖြစ်ပြီး ညဘက်မှာခေါင်းချလိုက်တာနဲ့ အိပ်ပျော်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၃) အိပ်ချိန်သတ်မှတ်ထားပါ

Source : Dicas & Curiosidades

အိပ်ယာဝင်တဲ့အချိန်ကို ပုံမှန်သတ်မှတ်ထားခြင်းက သင့်ရဲ့ အိပ်မပျော်တဲ့ပြသနာကိုအကောင်းဆုံးဖြေရှင်းပေးပါလိမ့်မယ်။ကိုယ်က ည ၁၀ နာရီ ရောက်တာနဲ့ အိပ်ယာဝင်မယ်သတ်မှတ်ထားရင် ကိုယ်သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် လုပ်စရာရှိတဲ့လုပ်ငန်းဆောင်တာတွေအားလုံးကို အပြီးသတ်လုပ်ဆောင်ထားပါ။၁၀နာရီထိုးတာနဲ့ အိပ်ယာထဲရောက်နိုင်အောင်ကိုယ့်ကိုယ်ကို လေ့ကျင်ထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အလေ့အကျင့်တစ်ခုဖြစ်လာပြီး ကိုယ်သတ်မှတ်တဲ့အချိန်ရောက်ပြီဆိုရင် အလိုအလျောက် အိပ်ချင်တဲ့စိတ်ကိုဖြစ်လာစေမှာပါ။

(၄) ဖုန်းကိုအချိန်နဲ့သုံးပါ

Source : standard.co.uk

ဖုန်းတွေဟာ ယနေ့ခေတ်လူတွေအတွက် အချိန်တိုင်းအသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ နေ့ဘက်တွေမှာသာမက ညဘက်တွေအထိပါ ဖုန်းတွေကနေရာယူလာတာဖြစ်တာကြောင့် အိပ်စက်အိပ်တွေလျော့နည်းလာပြီး နေ့ရောညပါ ဖုန်းနဲ့ မျက်နှာနဲ့မခွာဖြစ်နေကြတာပါ။ ဖုန်းကထွက်တဲ့ Radiation တွေက မျက်စိကိုထိခိုက်စေရုံသာမက အိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေတာကြောင့် တက်နိုင်ရင် အချိန်တစ်ခုသတ်မှတ်ပြီး သုံးသင့်ပါတယ်။ အကောင်းဆုံးကတော့ အိပ်ယာဝင်ချိန်နဲ့ အနည်းဆုံး တစ်နာရီခန့်ခြားပြီး သုံးမယ်ဆိုရင် အိပ်ပျော်ဖို့အထောက်အပံ့ပေးမှာဖြစ်ပါတယ်။