ရေသောက်ခြင်းက ကောင်းမွန်တဲ့အလေ့အထတစ်ခုဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပါဝင်မှုပမာဏက သုံးပုံနှစ်ပုံခန့် လောက်ရှိတာကြောင့် ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ ရေဓာတ်မရရှိဘူးဆိုရင် ကိုယ်ခံအားကျဆင်းခြင်း မောပန်းနွမ်းနွယ်ခြင်းတို့နဲ့ရင်ဆိုင်ရနိုင်ပြီး ပြင်ပရောဂါများ အလွယ်တကူဝင်ရောက်လာနိုင်တာကြောင့်ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

ရေသောက်ရာမှာလည်း နည်းစနစ်မှန်မှန်နဲ့ တစ်နေ့တာသတ်မှတ်ထားတဲ့ပမာဏကိုပြည့်အောင်သောက်ပေးဖို့လိုသလို မနက်စောစော အိပ်ယာက နိုးတဲ့အချိန်မှာလည်း မဖြစ်မနေ ရေတစ်ဖန်ခွက်သောက်ပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိပ်ယာကနိုးတဲ့အချိန် ရေသောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် ဘယ်လိုအံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကျန်းမာရေးကောင်းစေတယ်

Source : Global CozyCot

မနက်ခင်းအိပ်ယာနိုးပြီး အစားမစားခင် ရေတစ်ခွက်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် လအနည်းငယ်ကြာတဲ့အခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ သိသိသာသာနဲ့ ကောင်းမွန်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နှလုံး အဆုတ် ဆီးချို သွေးတိုး ဝမ်းနဲ့ပတ်သတ်တဲ့ ကျန်းမာရေးပြဿနာတွေမှလည်း ကင်းဝေးစေပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွင်းကကုန်ခမ်းသွားတဲ့ရေဓာတ်ကို မနက်စောစောမှာ ပြန်လည်ဖြည့်တင်း လိုက်တဲ့အတွက် အားအင်ပြည့်ဝလန်းဆန်းစွာနဲ့ နေ့တစ်နေ့ကို အစပြိုးနိုင်မှာဖြစ်ပါတယ်။

(၂) အဆိပ်အတောက်ကင်းစေတယ်

Source : sunshowersprings.com.au

မနက်စောစောရေသောက်ခြင်းဟာ တစ်နေ့တာလုံးစားထားတဲ့ အစားစာတွေနဲ့ ခန္ဓာကိုယ်အတွင်းက အပူအပုပ်တွေ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ရေတစ်ခွက်သောက်လိုက်ခြင်းအားဖြင့် အစာအိမ်နဲ့အူနံရံမှာ ကပ်ညှိတွယ်နေတဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ဆီးဝမ်းအဖြစ် စွန့်ထုတ်ပေးတာကြောင့် ဆီးမှန်ဝမ်းမှန်စေပြီး ဝမ်းချုပ်တာဆီးအောင့်တာ စတဲ့ ပြဿနာတွေမှလည်း ကင်းဝေးမှာဖြစ်ပါတယ်။

(၃) အသားအရေ ကြည်လင်လှပစေတယ်

Source : BAOMOI.COM

ကမ္ဘာကျော်မော်ဒယ်တွေတော်တော်များများ မနက်ခင်းရေသောက်ခြင်းအလေ့အထကိုကျင့်သုံးလေ့ရှိကြပါတယ်။ တစ်နေ့တာမှာ ရေများများ သောက်သုံးတဲ့သူတွေရဲ့ အသားအရေဟာ သာမာန်လူတွေထက်စာရင် ပိုပြီးကြည်လင်လှပတာကိုတွေ့ရပါတယ်။ မနက်စောစောရေသောက်ခြင်းဟာ အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပြီး သဘာဝနည်းအတိုင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတာ ဖြစ်တဲ့အတွက် အသားအရေကြည်လင်လှပလာစေတာ ဖြစ်ပါတယ်။

(၄) စိတ်ခံစားမှုကောင်းစေတယ်

Source : freepik.com

တစ်ညတာလုံးအိပ်စက်ထားတဲ့အတွက် ခန္ဓာကိုယ်မှာချွေးနဲ့ ရေဓာတ်ပမာဏက တော်တော်လေးဆုံးရှုံးထားပါတယ်။ရေဓာတ်ဆုံးရှုံးခြင်းကြောင့် စိတ်မအီမသာဖြစ်ခြင်း ခေါင်းကိုက်ခြင်း စတဲ့စိတ်ညစ်ညူးစရာကိစ္စတွေကြုံတွေ့ရနိုင်ပါတယ်။မနက်ခင်းစောစောမှာ ရေတစ်ခွက်သောက် ပေးလိုက်ခြင်းက ခန္ဓာကိုယ်အတွက် Energy ကိုပြန်လည်ဖြည့်တည်းပေးလိုက်ရာရောက်ပြီး စိတ်ကြည်လင်လန်းဆန်းကာ ခံစားမှုကောင်းစေပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်စေတာကြောင့် စဉ်းစားတွေခေါ်နိုင်စွမ်းတွေကိုလည်းတိုးတက်လာစေမှာဖြစ်ပါတယ်။