ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Sulfur Compounds တွေပါဝင်တာကြောင့် ကင်ဆာရောဂါကို သဘာဝအရ ကာကွယ်ပေးတဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးပါတယ်။ အဲ့ဒါကြောင့် အကြိတ်ဖြစ်ပွားမှု အန္တရာယ်ကိုလည်း လျော့ချပေးပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ ကြက်သွန်ဖြူက အစာအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးတယ်ဆိုတာ တွေ့ရပါတယ်။
ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းက ကင်ဆာရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့ အဓိက အစားအစာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပန်းဂေါ်ဖီကို မကြာမကြာစားပေးသင့်ပါတယ်။ ဒါပေမယ့် ပန်းဂေါ်ဖီစိမ်းကို ပြုတ်ပြီးစားတာက ပိုပြီး အကျိုးသက်ရောက်မှုရှိပါတယ်။ မိုက်ခရိုဝေ့ထဲထည့်ပြီးတော့ မချက်သင့်ပါဘူး။ စပိန်နိုင်ငံရဲ့ သုတေသန တစ်ခုအရ ပန်းဂေါ်ဖီကို မိုက်ခရိုဝေ့ထဲထည့်ပြီး ချက်လိုက်ရင် ကင်ဆာ ရောဂါကာကွယ်နိုင်တဲ့ Flavonoids ၉၇ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်လို့ တွေ့ရပါတယ်။
ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကိုပြုတ်ပြီးဖြစ်ဖြစ် ဟင်းရည်ချက်တာဘဲဖြစ်ဖြစ် ကြော်ဘဲစားစား အစိမ်းဘဲစားစား အမြဲလိုလို စားပေးသင့်ပါတယ်။
သံပုရာသီး နှင့် သံပုယိုသီး
Source: Mental Floss
နေ့တိုင်းနီးပါး အချဉ်ဓာတ်ပါတဲ့ အသီးတွေဖြစ်တဲ့ သံပုရာသီး သို့ သံပုယိုသီးတို့ကို စားပေးရင် ပါးစပ်၊ လည်ချောင်း နဲ့ အစာအိမ်ကင်ဆာတို့ကို တစ်ဝက်လောက်လျော့ချပေးနိုင်တယ်လို့ သြစတေးလျနိုင်ငံရဲ့ သုတေသနရလဒ်အရသိရပါတယ်။ သံပုရာသီး ဖျော်ရည် သို့ သံပုယိုသီး ဖျော်ရည်တို့ကို သောက်ပေးသင့်ပါတယ်။
Blueberries
Source: Medical News Today
Antioxidant အများဆုံး အသီးတွေထဲမှာ Blueberry ပါဝင်ပါတယ်။ Antioxidants တွေက Free Radicals တွေကို ဖြစ်ပေါ်စေပြီး ကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို ဖျက်ဆီးပေးပါသည်။ ဒါကြောင့် မနက်စာကို ဆီရီရယ် (Cereal) တစ်ခွက်စားရင် ခွက်တစ်ဝက်ကို Blueberries ထည့်ပြီး စားပေးသင့်ပါတယ်