သွားကိုက်တာ ဘယ်လောက်ထိနာလဲ။

Portrait of young woman with toothache

အိုးပြောမနေပါနဲ့တော့။ သွားကိုက်တဲ့ဝေဒနာက စာဖွဲ့ပြလို့မရဘူး။ ခံစားဖူးတဲ့သူတွေပဲ သိကြမှာပါ။ တစ်ကိုယ်လုံးကျန်းမာနေပေမဲ့ သွားလေးကိုက်နေရင်ကိုး စကားပြောမရ စားမရ သောက်မရထိ ဖြစ်ဖူးတဲ့သူတွေရှိပါတယ်။ သွားကိုက်တာကို အမြန်ဆုံးသက်သာအောင် လေညှင်းပွင့်ကို ဒီလိုအသုံးပြုလိုက်ကြမယ်။

လေညှင်းပွင့်

Clove-Oil-Macro-On-An-Old-Desk-650X

လေညှင်းပွင့်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ဘက်တီရီးယားကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ၊ Antioxidant နဲ့ သွားကိုက်တာ၊ ခံတွင်းပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်ပါတယ်။

နည်းလမ်း ၁

လေညှင်းပွင့် နဲ့ သံလွင်ဆီ (သို့) အသီးအရွက်အဆီ တစ်မျိုးမျိုး

1

2

လေညှင့်ပွင့် ၂ ခုလောက်ကို ကြိတ်လိုက်ပါ။ ပြီးရင် သံလွင်ဆီနဲ့ရောပြီး သွားပေါ်မှာ လိမ်းပေးပါ။

နည်းလမ်း ၂

3

လေညှင်းပွင့်ဆီ နဲ့ ဝါဂွမ်း

နောက်တစ်နည်းကတော့ လေညှင်းပွင့်ဆီကို ဝါဂွမ်းစို့ပြီး သွားပေါ်မှာ ဖိကိုက်ထားပေးပါ။

နည်းလမ်း ၃

WomanRinsingMouth-850x400

လေညှင့်ပွင့်ဆီ နဲ့ ရေ ခွက်တစ်ဝက်

လေညှင်းဆီ နည်းနည်းနဲ့ ရေ ထက်ဝက်လောက်ရောပြီး ပလုတ်ကျင်းလိုက်လည်းရပါတယ်။