ခြင်ကိုက်ခံထားရတဲ့အခါမှာဖြစ်လာတဲ့ ခြင်ကိုက်ဖုတွေဟာ ဒီတိုင်းထားမယ်ဆိုရင် ယားတော့ ခဏခဏကုတ်မိနေမှာပါ။ ကုတ်မိတဲ့အခါ အသားပွန်းပြီး အမာရွတ်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ခြင်ကိုက်ဖုတွေကို သဘာဝနည်းလမ်းနဲ့ သက်သာလာအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ရေခဲ

Source: www.bobvila.com

အအေးဓာတ်က အရေပြားကို ထုံစေတဲ့အတွက် ခြင်ကိုက်ခံရတဲ့နေရာတွေမှာ ကပ်ပေးမယ်ဆိုရင်တော့ အရေပြားယားယံတာတွေကို သက်သာစေပါတယ်။ ရေခဲကို အရေပြားနဲ့ တိုက်ရိုက်မထိတွေ့အောင် အဝတ်ခံပြီးကပ်ပေးတာပဲဖြစ်ဖြစ်၊ အိတ်တစ်ခုထဲ ရေခဲထည့်ပြီး ကပ်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ခြင်ကိုက်ဖုလေးတွေကို အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေပါတယ်။

ပျားရည်

Source: www.pinterest.com

ပျားရည်မှာ Anti Bacteria နဲ့ Inflammatory တွေ များစွာပါဝင်လို့ ပျားရည်တစ်စက်ဟာ ခြင်ကိုက်ခံရတဲ့ ခြင်ကိုက်ဖုတွေကို သက်သာစေပြီး အရေပြားယားယံတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

ရှားစောက်လက်ပတ်ဂျယ်လ်

Source: www.mnn.com

ရှားစောင်းလက်ပက်ဂျယ်လ်က အရေပြားအနီပိန့်ထတာ နဲ့ ရေယုန်ဖြစ်တာတွေအပြင် ဝမ်းချုပ်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို အကိုက်ခံရတဲ့နေရာမှာ ပွတ်လိမ်းပေးရပါတယ်။ သူကက ခြင်ကိုက်ခံထားရတဲ့ ခြင်ကိုက်ဖုတွေကို သက်သာစေတဲ့အပြင် ဂျပိုးကိုက်ခံထားရတာတွေကိုလည်း သက်သာစေပါတယ်။