သွားပိုးစားတဲ့ဒဏ်ခံဖူးတဲ့သူတွေတော့ သိကြမှာပါ။ ဘာစားစားတဆစ်ဆစ်ကိုက်နေပြီး သက်တောင့်သက်သာတောင်မရှိတော့ပါဘူး။ သွားထဲမှာအစာတွေကျန်ခြင်း၊ အချိုရည်တွေနင်းကန်သောက်ခြင်း၊ ခံတွင်းသန့်ရှင်းမှုမရှိခြင်း စတာတွေက သွားပိုးစားခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပါ။ သွားပိုးစားတာကို သတိထားမိတာနဲ့ ကုသသင့်ပါတယ်။

ပေတေပြီးထားလေလော သွားအမြစ်ကြောတွေအထိပါထိသွားနိုင်တာမို့ဝေဒနာမပျင်းခင် ကုသလိုက်ပါ။ ကုသပါဆိုတာနဲ့ ဆရာဝန်ဆီပြေးမှ မဟုတ်ပါဘူးနော်။ သွားပိုးစားတာကို အခုပြောပြပေးမယ် သဘာဝနည်း (၃) မျိုးနဲ့ကုလို့ရတယ်နော်။

၁။ အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ပါးစပ်ထဲငုံပြီး ဟိုလိမ့်ဒီလိမ့်လုပ်ပေးပါ။ ပြီးရင်တော့ ထွေးထုတ်ပြီး ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်း ပေးပါ။ အဲ့ဒီ့နောက်တော့ ပုံမှန်အတိုင်း သွားတိုက်လိုက်ပါ။

တစ်နေ့ (၂) ကြိမ်လုပ်ပေးပါ။

coconut-oil-wooden-sppoon

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ (၂) မွှာကို အခွံခွာပြီး ငရုတ်ဆုံထဲထည့်ပါ။ ဆား လက်ဖက်ရည် (၁) ဇွန်းထပ်ထည့်ပြီး နှစ်ခုလံုံးကိုရောထောင်းပါ။ အနှစ်ရလာတဲ့အခါမှာတော့ ကိုက်တဲ့သွား (သို့) ပိုးစားတဲ့သွားအပေါ်နာရီဝက်လောက် အုံပေးပါ။

တစ်နေ့(၂) ကြိမ်ကို တစ်ပတ်လောက်ပုံမှန်လုပ်ပေးရင် သက်သာသွားပါလိမ့်မယ်။

salt-and-garlic

၃။ သဘာဝသွားတိုက်ဆေး

ပန်းကန်လုံးလေးထဲမှာ အုန်းဆီ စားပွဲတင်ဇွန်း (၂) ထည့်ပါ။ ပြီးရင် ဆားကြမ်း တစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း ထပ်ထည့်ပြီး အားလုံးကိုရောမွှေပါ။ ပြီးရင်တော့ ဖန်ဘူးတစ်ခုထဲထည့်ထားပြီး သွားပိုးစားတဲ့အခါ သာမန်သွားတိုက်ဆေးမျိုးမသုံးပဲ အစားထိုးအသုံးပြုပေးပါ။

IMG_3939-e1449674875418

ဒီသဘာဝနည်း (၃) မျိုးကိုသိရပြီဆိုရင်တော့ သွားပိုးစားတဲ့အခါမျိုးမှာ အကျိုးရှိရှိအသုံးချလို့ရသလို အခြားသူတွေသိရအောင်လည်း မျှဝေပေးပါဦး။