တကယ်တမ်း ဟင်းသီးဟင်းရွက်တွေ အသား၊ငါးတွေ အိုးထဲထည့်ပြီး ချက်ပြုတ်ချိန်က မကြာပေမယ့် ဟင်းခွက်ကောင်းတစ်ခုရလာဖို့ လှီးချွတ်ပြင်ဆင်ရတာကသာ အချိန်ကြာမြင့်ပါတယ်။

ဟင်းချက်နေတဲ့အချိန်မှာ အချိန်ကုန်သက်သာစေမယ့် နည်းလမ်းများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

320205-1-650-861e616803-1484633867

အသီးတွေရဲ့ အစေ့တွေကို ဘယ်လို လွယ်လွယ်ကူကူ ဖယ်ရှားမလဲ။

အဓိကအားဖြင့် ဖရုံသီးလို အသီးမျိုးတွေကို ဟင်းချက်ရာမှာ အစေ့တွေ ဖယ်ရှားဖို့ဆိုရင် လက်ဝင် အလုပ်ရှုပ်လှပါတယ်။ ဒါပေမယ့် ရေခဲမုန့် ခပ်တဲ့ ဇွန်းလိုမျိုး အနားပတ်လည်က ထက်တဲ့ ကိရိယာမျိုးနဲ့ဆိုရင်တော့ အလွယ်တကူ ဖရုံသီးလည်း ပုံမပျက်ဘဲ အစေ့တွေကို ဖယ်ရှားလို့ရမှာဖြစ်ပါတယ်။

320755-2-650-9f76195766-1484633867

ချက်ပြီးသား အစားအစာတွေမှာ ဆီတွေများနေတာကို ဘယ်လို ဖယ်ရှားမလဲ။

တခါတရံ ကိုယ်ချက်လိုက်တဲ့ အစားအစာတွေက ဆီတွေများသွားရင် အလွယ်တကူနဲ့ ဆီကို ဖယ်ရှားလို့ရတဲ့ နည်းလမ်းရှိပါတယ်။ ရေခဲအနည်းငယ်ကို စက္ကူနဲ့ လုပ်ထားတဲ့ လက်ကိုင်ပုဝါနဲ့ အုပ်လိုက်ပြီး ဆီတွေ ဝေ့နေတဲ့ နေရာကို ဖွဖွလေး ထိလိုက်ပါ။ ရေခဲက သံလိုက်လိုဘဲ ဆီတွေက ရေခဲဆီကို ပြေးကပ်ပြီး စက္ကူက ဆီတွေ စုပ်မိသွားပါလိမ့်မယ်။

320855-3-650-e4cb9b7fc2-1484633867

ပလပ်စတစ်အချပ်တွေကို ဘယ်လို တင်းတင်းထုပ်လို့ရမလဲ

တခါတရံ အသားစိမ်းတွေကို ဆား၊ ဆနွင်းနယ်ပြီး ရေခဲသေတ္တာထဲထည့်တဲ့အချိန်မှာ အနံ့လုံအောင် ပလပ်စတစ်ပတ်တာမျိုးဘဲဖြစ်ဖြစ် အစားအစာတစ်ခုကို သန့်သန့်ရှင်းရှင်း သိမ်းဆည်းဖို့ ပလပ်စတစ်ပတ်ပြီး သိမ်းဆည်းကြပါတယ်။ အဲ့လို ပလပ်စတစ်ပတ်တဲ့ နေရာမှာ တောင့်တင်းတင်း လှလှပပ ပတ်နိုင်ဖို့ ပလပ်စတစ်ကို ရေခဲ သေတ္တာထဲ သိမ်းထားပြီးမှပတ်ပါ။ အေးနေတဲ့ ပလပ်စတစ်က ပိုပြီး ပတ်လို့ကောင်းဆွဲလို့ကောင်းပါလိမ့်မယ်။

320955-5-650-648f560526-1484633867

  • ကြက်ဥအခွံကို ဘယ်လို အလွယ်တကူ ခွာမလဲ။

ကြက်ဥပြုတ်တဲ့ ရေနွေးထဲကို ဆိုဒါ ဒါမှမဟုတ် ဗင်နီကာ (Vinegar) ထည့်ပြီး ပြုတ်ပါက သူတို့က ကြက်ဥအခွံထဲကို ဝင်သွားတာကြောင့် ကြက်ဥကျက်သွားရင် အလွယ်တကူခွာလို့ရအောင် ကူညီပေးပါတယ်။