ညည အိပ်ပျော်ဖို့ခက်နေလား။ အိပ်ပျော်သွားရင်တောင် အိပ်မောမကျဘဲ ခဏခဏ နိုးနေလား။ ရေရှည်ဆိုရင်တော့ ကျန်းမာရေးအတွက်မကောင်းလို့ နည်းလမ်းလေး ၂ သွယ်ကိုမျှဝေပေးလိုက်တယ်နော်။ ဒီနည်းလမ်းလေးနဲ့ စာဖတ်သူတို့ အိပ်ရေးဝပြီး အိပ်မက်လှကြပါစေ။

ပက်လက်အနေအထားနဲ့လည်း လုပ်ပေးလို့ရသလို ညအိပ်ယာမဝင်ခင်မှာ ခဏလုပ်ပေးလို့လည်းရပါတယ်။

၁။ဘယ်ဖက် လက်ကို ဒူးခေါင်းပေါ်တင်ထားပြီး လက်ချောင်းလေးတွေကို ဖြေလျှော့ထားပါ။ ညာဖက်လက်က လက်ခလယ်ကိုအသုံးပြုပြီး  မျက်ခုံးနှစ်ဖက်ကြားမှာ ဖိပေးပါ။

၂။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းလေး ရှုထုတ်လိုက် သွင်းလိုက်လုပ်ပေးပါ။

၃။ ပြီးရင်တော့ ညာဖက်က နှာခေါင်းကို စောစောက ညာဖက်က လက်မနဲ့ ဖိပေးပြီး ဘယ်ဖက် နှစ်ခေါင်းပေါက်နဲ့ အသက်ရှုပါ။

၄။ ပြီးရင် လက်သန်းကြွယ်နဲ့ ဘယ်ဖက် နှာခေါင်းပေါက်ကိုပိတ်ပြီး ခဏအသက်အောင့်ထားပါ။

၅။ အဲဒီနောက် ညာဖက် နှာခေါင်းပေါက်ကို ဖွင့်ပေးပြီး အသက်ကို ဖြည်းဖြည်း ရှုထုတ်ပါ။

၆။ ပြီးရင် ညာဖက်နှာခေါင်းပေါက်နဲ့ အသက်ရှုပေးပါ။

၇။ ပြီးရင် စောစောကလို လက်မနဲ့ ညာဖက် နှာခေါင်းကို ဖိပေးထားပါ။ ဒါဆို နှာခေါင်းနှစ်ဖက်လုံး ပိတ်နေတဲ့အနေအထားဖြစ်နေပါမယ်။ အသက်ကို ခဏအောင့်ထားပါ။

၈။ ပြီးရင် ဘယ်ဖက်နှာခေါင်းကို ဖွင့်ပေးပြီး အသက်ကို ခပ်ဖြည်းဖြည်း ရှုထုတ်ပါ။

အဲဒီအသက်ရှုနည်းအတိုင်း စိတ်ထဲမှာ မှတ်ပြီး ရှုပေးနေပါ။ ၁ ကြိမ် ၂ ကြိမ်လောက်လုပ်ပေးပါ။ တဖြည်းဖြည်းနဲ့ အိပ်မောကျသွားပါလိမ့်မယ်။

နည်းလမ်း ၂

အရမ်းကို ရိုးရှင်းတဲ့ နည်းလမ်းလေးပါ။ အိပ်ယာပေါ်ရောက်ပြီး မီးတွေကို မှိတ်လိုက်တာနဲ့ လုပ်ပေးရမှာပါ။

မျက်လုံးကိုခပ်ဖြည်းဖြည်းလေး လိမ့်ပေးရမယ့် လေ့ကျင့်ခန်းပါ။

မျက်လုံးကို မှိတ်ထားပါ။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းလေး ရှုလိုက် ခပ်ဖြည်းဖြည်းလေး ထုတ်လိုက်လုပ်ပေးပါ။ ပြီးရင်တော့ ညာဖက်လက်ညိုးနဲ့ ညာဖက်မျက်လုံးကို နာရီလက်တံလို ခပ်ဖြည်းဖြည်းလေး ၃ ကြိမ်လိမ့်ပေးပါ။ ပြီးရင် ဘယ်ဖက်လက်ညိုးနဲ့ ဘယ်ဖက်မျက်လုံးကို လိမ့်ပေးပါ။

Source: FabHow