ကိုယ်အလေးချိန်ကျဖို့ပဲမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မယ့် ဖျော်ရည်ပါ။ အလုပ်များတဲ့သူတွေအဖို့ အပြင်စာစားတာများလို့ ကယ်လိုရီတက်လာပါတယ်။ ဒီအတွက် အဆိပ်အတောက်ကင်းစင်စေတဲ့ ဖျော်ရည်ကို အိမ်မှာ ပြုလုပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။ ဇီဝဖြစ်စဉ်ကိုလည်း မြင့်တင်ပေးနိုင်လို့ စာဖတ်သူတွေအတွက် အကျိုးရှိမှာပါ။

ပါဝင်ပစ္စည်း

အတုံးလိုက် လှီးထားတဲ့ ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

boiling-water

ရေနွေး ၂ ခွက်

teabags

Green Tea ထုပ် ၁ ထုပ်

03-home-remedies-honey

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

greenteabellyfatdrink

ခရားတစ်လုံးထဲမှာ အတုံးလိုက်လှီးထားတဲ့ ဂျင်းကိုထည့်ပါ။ ပြီးရင် ခုမှ ဆူထားတဲ့ ရေနွေးကို ထည့်ပါ။ အဲဒီနောက် Green Tea ကို ထည့်ပြီး ၅ မိနစ်လောက်စိမ်ထားပါ။ ပြီးရင် Green Tea အထုပ်ကို ဖယ်လိုက်ပြီး ပျားရည်ထည့်ပါ။ သေချာမွှေပြီးရင် သောက်လို့ရပါပြီ။ တစ်ခါတည်းသောက်ရမှာမဟုတ်ပါဘူး။ အစာမစားခင်မှာ ၁ ခွက်ဆီ သောက်ပေးပါ။

ပြုလုပ်နည်း ၂

ပါဝင်ပစ္စည်း

648688383_a2001ef6d1

ပါးပါးလှီးထားတဲ့ ဂျင်း ၁ စိတ်

imag03831

ရေဆူဆူ ၂ ခွက်

honey

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

OLYMPUS DIGITAL CAMERA

သခွားသီးတစ်ခြမ်း (ပါးပါးလှီးပါ)

ပြုလုပ်နည်း

cucumberbellyfatdrink

ခရားတစ်လုံးကိုယူပြီး ဂျင်းထည့်ပါ။ ပြီးရင် ရေနွေးဆူဆူထည့်ပါ။ အဲဒီနောက် ၅ မိနစ်လောက်ထားပါ။ ပြီးရင်ပျားရည်နဲ့ ပါးပါးလှီးထားတဲ့ သခွားသီးတွေ ထည့်ပေးပါ။ သေချာမွှေပြီးရင် သောက်ပေးလို့ရပါပြီ။ တစ်နေကုန် အဆင်ပြေသလိုသောက်လို့ရပါတယ်။